ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ မြို့နယ်ဆရာဝန်ကြီး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက စည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 14,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြိုနယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အဆောက်အဦ သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး၌ ပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ် တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း တက်ရောက်ပြီး ရုံးအဆောက်အဦသစ်အား ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
Dec 14,2020
ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း၊ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းတို့သည် တီးတိန်မြို့၊ လွယ်ဘွာလ်း ရပ်ကွက်တွင် တည်ဆောက်သည့် ဘွာလ်းဇန်အားက စားခန်းမ တည်ဆောက်ပြီးစီးမှုကို ယမန်နေ့က ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
Dec 13,2020
ကချင်ပြည်နယ်၊ ဆဒုံးမြို့ စစ်ရှောင်စခန်းအိမ်ရာ သွားလမ်းကျောက်ချောခင်းခြင်းနှင့် မြေထိန်းနံရံ ကျောက်စီလုပ်ငန်း ပြီးစီးမှုအား ယမန်နေ့နံနက် ၁၀ နာရီချိန်တွင် ဆဒုံးမြို့ စစ်ရှောင်စခန်းနေရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇယ်ဂျုံး၊ အမျိုးသားလွှတ်တော် ဦးဇယ်ခေါင်၊ ဝိုင်းမော်မြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ ဝိုင်းမော်မြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆဒုံးမြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက လုပ်ငန်းပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 13,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ လူဦးရေ(၇၇၀၀၀)ကျော် နေထိုင်နေသည့် လုံးခင်းကျေးရွာအုပ်စုကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြားနေသည့်အတွက် ဒေသတွင်းကူးစက်မှုများမှ ကာကွယ်နိုင်ရန် ဒီဇင်ဘာလ ၁၃ ရက် ညနေ(၆)နာရီမှစတင်ပြီး အဝင်အထွက်ကန့်သတ်သည့် နေရာအဖြစ် ပြည်နယ် ကျန်းမာ‌ရေး ဦးစီးဌာနက ဒီဇင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
Dec 12,2020
ချင်းပြည်နယ်၊ မတူပီမြို့ရှိ QUARANTINE CENTER များသို့ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၄ နာရီခွဲက မတူပီမြို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ကာ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Dec 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ပထမ ပင်တွန်စာသင်တိုက်တွင် ရှမ်းပြည်နယ်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းများ အခက်အခဲမရှိစေရန်အတွက် ရည်ရွယ်၍ လှူဒါန်းလာသော ဆန်အိတ်များအား ယနေ့နံနက်(၁၀)နာရီခွဲခန့် အဆိုပါ စာသင်တိုက်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် တင်းကြပ်စွာပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့ယ် (၁၅)နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာန အစည်းအဝေခန်းမ၌ကျင်းပသည်။