ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 16,2020
ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မေရီမီနန်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၆၀)ဖြင့် မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးထွန်းအောင်ခိုင်က မြို့နယ်ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ မဲရုံသုံးပစ္စည်းထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် ရုံးဆောက်လုပ်မည့် မြေနေရာအား စစ်ဆေးတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Dec 16,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းတို့ကို ယမန်နေ့က လမ်းဆုံကျေးရွာနှင့် ဟိုဂျစ်ကျေးရွာတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ kg တန်းမှ စတုတ္တတန်းအထိ အာဟာရမုန့်များ ဖြန့်ဝေပေးမှုကို ယမန်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၌ ဖြန့်ဝေပေးခဲ့ကြသည်။
Dec 16,2020
ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့လျှပ်စစ်ဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ Talk show ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့သည်။
Dec 16,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ပြုလုပ်သည်။
Dec 16,2020
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဝမ်​အောင်း-​ချိကွဲ့-စောင်း​လော့ လမ်း​ပေါ်ရှိပွန်​ချောင်းတံတား(ဖား​ဆောင်း)တည်​ဆောက်​နေမှုအား ယမန်​နေ့ ည​နေ(၅)နာရီအချိန်က ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်နန်း​ထွေးသူ၊ အမျိုးသားလွှတ်​​တော်ကိုယ်စားလှယ် ဦးစိုင်းသာစိန်၊ မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ စိစစ်​ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့်​​ကော်မတီဝင်များ၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။
Dec 16,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့နယ် ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအားငွေကြေး ထောက်ပံ့ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ(၁၃)ရက်နေ့က တိုက်ပွဲရှောင်စခန်းများနှင့် အမှတ်(၂)ရပ်ကွက် နှစ်ခြင်းအသင်းတော်ဘုရားရှိခိုးကျောင်းတို့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Dec 16,2020
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။