Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ကော့သောင်းမြို့တွင် ဆလုံလူမျိုးများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Feb 26,2020
ကော့သောင်းမြို့နယ်အတွင်းရှိ ပင်လယ်ကျွန်းများတွင် နေထိုင်ကြသည့် ဆလုံလူမျိုးများအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဟံသာဝတီခန်းမ၌ ကော့သောင်းမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကနဦး ရှေ့ပြေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူတက္ကသိုလ်၌ ပြည်သူ့နီတိဆိုင်ရာ စာပေဟောပြောပွဲပြုလုပ်
Feb 26,2020
ပခုက္ကူတက္ကသိုလ် ဆရာ/ဆရာမများသမဂ္ဂနှင့် ပခုက္ကူမြို့၊ ပျိုးခင်းသာပရဟိတအဖွဲ့တို့ ပူးပေါင်းကျင်းပသော ပြည်သူ့နီတိဆိုင်ရာ စာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြော
Feb 25,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတလင်မြို့နယ်တွင် ကွန်ကရစ်လမ်းများ ခင်းရန်အတွက် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်
Feb 25,2020
စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီက ရပ်ကွက်နှင့် ကျေးရွာများတွင် ကွန်ကရစ်လမ်း များခင်းရန်အတွက် ထောက်ပံ့ပေးသော ဘိလပ်မြေအိတ်များပေးအပ်ပွဲကို ယနေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန်ပြည့်မီခြင်းရှိမရှိ ပညာပေးစစ်ဆေး
Feb 25,2020
ပြည်သူများနေ့စဉ် သုံးစွဲလျက်ရှိသော စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြမှုနှင့် အလေးချိန်ပြည့်မီခြင်းများ ရှိ/မရှိ ပညာပေးစစ်ဆေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မြို့မဈေးအတွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ “အလုပ်ဆိုတာ အင်အားပါ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Feb 25,2020
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ မွန်းလွဲ(၁) နာရီအချိန်က စာရေးသူ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ၏ အလုပ်ဆိုတာအင်အားပါ စာအုပ်ပါအကြောင်းအရာ၊ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီး၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၀၉၀)ဦး ဝင်ရောက် ဖြေဆိုမည်
Feb 25,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှ စတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၁)ခု၌ တက္ကသိုလ်ဝင် စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၆၀၉၀ ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
2019 Novel Corona Virus အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 25,2020
ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် 2019 Novel Corona Virus (အဆုတ်ရောင်) ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက် ကူးစက်ပျံ့ပွားမှု မရှိစေရေး မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက်ဂိတ် ရှိသည့် ကော့သောင်းမြို့ ရေဆိပ်နှင့် ကားဂိတ်တို့တွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
350
Page
351
Page
352
Page
353
Current page
354
Page
355
Page
356
Page
357
Page
358
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department