Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မြိုင်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန အစီအစဉ်ဖြင့် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်မည်
Feb 25,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစီအစဉ်ဖြင့် ကျင်းပမည် ဖြစ်သော နွေရာသီအားကစားသင်တန်းများကို မြိုင်မြို့ မြို့နယ်အားကစားကွင်းတွင် သင်ကြားသွားမည် ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) တွင် လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 25,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးက စီစဉ်၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံး ရရှိခံစားသင့်သော အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ အပြည်အဝ ရရှိနိုင် ရန်နှင့်အခွင့်အရေးများအပေါ် အသိအမှတ်ပြု နာလည်လက်ခံသည့်စနစ်များ၊ ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများနှင့် အကောင်အထည်ဖော်မှုများကို လူမှုရေးပင်စင်ထောက်ပံ့ခြင်းလုပ်ငန်း ဆောင်ရွက်နေသူများ ပိုမိုသိရှိနားလည်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လူမူရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦ တည်ဆောက်လျက်ရှိ
Feb 25,2020
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်း၍ မင်းဘူး (စကု)မြို့နယ် ကြာကန်ကျေးရွာအုပ်စု အောက်ကျောင်း ဘုရားဝန်းအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက ခိုလှုံနိုင်ရန် ရည်ရွယ်၍ ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အဆုတ်ရောင်ရောဂါ (2019-nCoV)ရောဂါကြိုတင်ကာကွယ်ရေး စျေးသူ စျေးသားများအား အသိပညာပေးဟောပြော
Feb 25,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အဆုတ်ရောင်ရောဂါ (2019-nCoV) ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ စျေးသူစျေးသားများအား အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီက ခနောင်တိုအရှေ့ရပ်ကွက် စျေးလေးအတွင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲနှင့် အဆုတ်ရောင်ရောဂါ (COVID-19) အကြောင်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ကျင်းပ
Feb 25,2020
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညွှတ်ကွင်းကျေးရွာအုပ်စု၊ ကညွှတ်ကွင်းကျေးရွာ၊ ရာတနာသိဒ္ဓဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများတွေ့ဆုံဆွေးနွေးပွဲနှင့် အဆုတ်ရောင်ရောဂါ(COVID-19) အကြောင်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့၌ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည်မြှင့် သင်တန်း ဖွင့်လှစ်
Feb 25,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်သင်တန်း ကို ယမန်နေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မီးသတ်စခန်း ဆောက်လုပ်လျက်ရှိ
Feb 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ငပယင်းစံပြကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၁၈၆)သန်းကျော်ဖြင့် မီးသတ်စခန်း အဆောက်အဦ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်ရှိ ရေလှောင်တမံများမှ ယခုနှစ် နွေစပါးလျာထားဧက ၃၉၇၅ကျော် စိုက်ပျိုးရေများ ပေးဝေလျက်ရှိ
Feb 25,2020
ပြီးခဲ့သည့်နှစ် မိုးရာသီကာလက မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အတွင်းရှိ စွန်ရေလှောင်တမံ၊ ဆဒ္ဒန်ရေလှောင်တမံ၊ ပုလင်းရေလှောင် တမံ၊ ဘုတ်ချောင်း ရေလှောင်တမံနှင့် နတ်မောက်မြို့ရှိ နတ်မောက်ရေလှောင်တမံတို့တွင် ရေဝင်ရောက်မှု နည်းပါးခဲ့သော်လည်း မြို့သစ်မြို့နယ် အတွင်းမှ နွေစပါး လျာထား ဧက ၃၉၇၅ ကျော်သို့ စိုက်ပျိုးရေများ ပေးဝေနေပြီဖြစ်ကြောင်း မြို့သစ်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
353
Page
354
Page
355
Page
356
Current page
357
Page
358
Page
359
Page
360
Page
361
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department