ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 25,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဗျက်ကြီးအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် မီးလောင်ကျွမ်းပျက်ဆီး ဆုံးရှုံးသွားသော နေအိမ်မှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ချိန်က အိမ်တိုင်ရာ‌‌ရောက် သွား‌ရောက်ထောက်ပံ့ ပေးအပ်ခဲ့‌ကြောင်း သိရသည်။
Feb 25,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးသတ်ဆေးဗူး လက်တွေ့အသုံးပြုပုံများ သရုပ်ပြခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက် အခြေခံပညာ မူလတန်း ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 25,2020
နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်ဖြူကျွန်းမြို့ မဟာပါဒင်္ကချောင်းထဲ စက်တော်ရာ(ခြေတော်ရာ) ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့မှ တန်ခူးလဆန်း(၈)ရက်နေ့ထိ၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားပွဲတော်ကျင်းပရေးဂေါပကအဖွဲ့ထံမှသိရသည်။
Feb 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အတွင်း၌ တည်ရှိသော သမိုင်းဝင် အညာသီဟတော ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း (၁၀) ရက် (၃-၃-၂၀၂၀) ရက်နေ့မှ တပေါင်းလပြည့်နေ့ (၈-၃-၂၀၂၀) ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိသည်။
Feb 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်း ကစ၍ ကျေးရွာများအရောက် သွားရောက်ဆောင်ရွက်ခဲ့သည်။
Feb 24,2020
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာအုပ်စုရှိ၊ ထန်းတောကြီး ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွက် ကျောင်းသုံးပရိဘောဂများပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက အဆိုပါကျောင်းယာယီမဏ္ဍပ်တွင် ပြုလုပ်ခဲ့သည်။
Feb 24,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး ခန်းမတွင် ကျင်းပခဲ့သည်။
Feb 24,2020
မြန်မာနိုင်ငံတွင် အသည်းရောဂါဖြစ်ပွားမှု၊ အသည်းရောဂါကြောင့် နောက်ဆက်တွဲရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှု လျော့နည်းသွားစေရေး ရည်ရွယ်၍ တန့်ဆည်မြို့နယ် ပါရမီလူမှုကူညီရေးအသင်း နှင့် မြန်မာအသည်းဖောင်ဒေးရှင်း (ရွှေဘိုအသင်းခွဲ)တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများအား အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့သွေးစစ်ခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီ အချိန်က မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။