Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဘိုကလေးမြို့နယ်တွင် ဝတ္ထုတို၊ ကဗျာ၊ ရသစာတမ်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပမည်
Feb 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စာရေးဆရာအသင်းနှင့် စာပေချစ်သူ(Book Club) အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ(၁)ရက်မှ (၃၁)ရက်ထိ ပထမအကြိမ်မြောက် ဝတ္ထုတို၊ ကဗျာ၊ ရသစာတမ်း (Essay) ပြိုင်ပွဲအား စာမူဖိတ်ခေါ် လက်ခံခဲ့ပြီး ဆုရစာမူများအား ရွေးချယ်၍ ကလောင်ရှင်များအား ဆုချီးမြှင့်ပေးအပ်ပွဲကို မတ်လ (၁)ရက်နေ့၊ နေ့လယ်(၁)နာရီတွင် ဘိုကလေး-စက်ဆန်းကားလမ်းရှိ နဒီဆေးရုံ စားသောက်ခန်းမ၌ ကျင်းပမည် ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံလူတန်းစားများ ဆင်းရဲမှုလျှော့ချရေးနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အသေး စား ငွေရေးကြေးရေးအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး
Feb 26,2020
နေပြည်တော် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် နေပြည်တော်အတွင်းရှိ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီတွင် အဆိုပါရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်လှစ်
Feb 26,2020
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်နေ တောင်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးမှ စီးပွားဖြစ်စနစ်တကျ မွေးမြူတတ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးပွားရန် ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီ က အဆိုပါရုံး ခန်းမ၌ ကျင်းပရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဗျတ်နောလ်ထန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူ၌ လေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 26,2020
ပခုက္ကူမြို့နယ်အတွင်း လေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံရိပ်သာဈေး၌ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးပိုစတာကပ်ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေ
Feb 26,2020
ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ ဒဂုံရိပ်သာဈေး၌ ကိုရိုနာဗိုင်းရပ်စ်အသိပညာပေး ပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်၊ လက်အိတ်နှင့် နှာခေါင်းစည်း ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရွှေပြည် ဦးဆောင်သော ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူ များ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ် တွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Feb 26,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့က ဒေသခံပြည်သူအများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက်က အနောက်ပိုင်းရပ်ကွက်တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် Coronavirus (2019 n-Cov) အဆုတ်ရောင် ရောဂါဆိုင်ရာ အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 26,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ယနေ့ နံနက် ၁၁ နာရီအချိန်က ကျောင်းမြောင်းစျေးနှင့် တာမွေစျေးတို့ရှိ စျေးတာဝန်ခံရုံးများတွင် စျေးတာဝန်ခံများ၊
အပြည့်အစုံ ဖတ်ရန်
မြို့နယ်ဥပဒေပြုရေးဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ ရုံးသစ် ဖွင့်လှစ်
Feb 26,2020
မကွေးခရိုင်၊ မြို့သစ်မြို့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် တိုက်တန်းတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
346
Page
347
Page
348
Page
349
Current page
350
Page
351
Page
352
Page
353
Page
354
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department