ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 28,2020
မကေွးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နကျားထူးကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၁) နာရီက နကျားထူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု/မီးလန့်မှု မဖြစ်စေရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူး(စကု)မြို့နယ် ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဌာဆိုင်ရာများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စည်သူခန်းမ၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
Feb 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၀) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်ဘောလုံးကွင်း ဟောင်းနေရာ၌ ကျင်းပခဲ့သည်။
Feb 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် လူမှုဝန်းထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဟင်္သာတခရိုင် လူမှုဝန်ထမ်းရုံးမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအားထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးရုံး၌ ကျင်းပခဲ့သည်။
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 28,2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကသာခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ကသာခရိုင်အတွင်းရှိ မြို့နယ် များမှ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ များအား သစ္စာစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် ကျေးရွာများအား အိမ်ထောင်စု လူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကသာမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။