Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲ တွံတေး၌ ကျင်းပ
Feb 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ် လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ် ၁/၂၀၂၀ သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက အဆိုပါ မီးသတ်စခန်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့နယ်တွင် မြေလတ်အိမ်ရာစီမံကိန်း ပထမဦးဆုံးစတင် အကောင်အထည်ဖော်ဆောင်ရွက်
Feb 29,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် မြင်းခြံမြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် ဝင်းနုဝင်း ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် မြေလတ်အိမ်ရာစီမံကိန်းကို ပထမဦးဆုံးစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆုချီးမြှင့်ပွဲကျင်းပ
Feb 29,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရမည်းသင်းခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Feb 29,2020
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၅၄၃)ဦးတို့အတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ စကားဝါခန်းမတွင် ကျင်းပရာ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ လက်သို့ပေးအပ်လိုက်သည့် ငွေများသည် အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အမျိုးသားလူမှုရေး ပင်စင်ငွေများ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နေ့/ညမဆိုင်ပဲ မိမိတို့ကျေးရွာများသို့ ပြန်ရောက်လျှင်ရောက်ချင်း တစ်ဦးချင်းထံသို့ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြစေလိုကြောင်းနှင့် မိမိတို့ကိုယ်တိုင်လည်း ရပ်ကွက်များရှိ သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပေးအပ်ကြမှာ ဖြစ်ပါကြောင်း၊ ငွေကြေးပျောက်ရှခြင်း အစရှိသည့် မည်သည့်ကိစ္စမျှ မဖြစ်ပေါ်ကြစေရန် သတိပြု ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေး-မြစ်ကြီးနား Air Con လေအိတ်ရထား မတ် ၂ ရက်တွင် စတင်ပြေးဆွဲမည်
Feb 28,2020
မီးရထားဖြင့် ခရီးသွားလာကြမည့် ခရီးသွားပြည်သူမိဘများ သွားလာရေး အဆင်ပြေ လွယ်ကူစေရန်အတွက် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသည့် Air Con လေအိတ်ရထားကို အဆိုင်းနှစ်ဆိုင်းဖြင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် အမှတ်(၃၁)အဆန်၊ အမှတ်(၃၂) အစုန်ရထား မတ် ၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူမှုရေးရာ အသိပညာပေး သင်တန်းဖွင့်ပွဲကျင်းပ
Feb 28,2020
ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူမှုရေးရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလဲမြို့၌ မုန့်မျိုးစုံပြုလုပ်နည်းနှင့်ပန်းအလှဆင်သင်တန်းဖွင့်ပွဲကျင်းပ
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးကော်မတီတို့ ပူးပေါင်း၍ မုန့်မျိုးစုံ ပြုလုပ်နည်းနှင့် ပန်းအလှဆင်သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့တွင် စခန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း ၁/၂၀၂၀ ဖွင့်ပွဲ ကျင်းပ
Feb 28,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေး ပြန်လည် ထူထောင်ရေးစခန်းမှ ကြီးမှူးဖွင့်လှစ်သော စခန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်း ၁/၂၀၂၀ ဖွင့်ပွဲကို မန္တလေးမြို့၊ ၇၃ လမ်း၊ ၁၀ လမ်းနှင့် ၁၂ လမ်းကြားရှိ မန္တလေး ပြန်လည်ထူထောင်ရေးစခန်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
338
Page
339
Page
340
Page
341
Current page
342
Page
343
Page
344
Page
345
Page
346
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department