Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
တွံတေးမြို့တွင်းရှိ အဓိကလမ်းမကြီးများအား ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် မြို့တွင်းရှိ အဓိကလမ်းမကြီး အပိုင်း(၃)ပိုင်းအား ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စီဘီစီမြန်မာ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီ စုရပ်ခေါင်းဆောင်များနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 28,2020
အခြေခံလူတန်းစားများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီဘီစီမြန်မာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီက စုရပ်ခေါင်းဆောင်များနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စခန်းနှင့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး (၁/၂၀၂၀) သင်တန်းဖွင့်လှစ်
Feb 28,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မန္တလေးပြန်လည် ထူထောင်ရေးစခန်းတွင် စခန်းနှင့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး (၁/၂၀၂၀) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်မြို့တွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန နှင့်မြို့နယ် လူငယ်ရေးရာ ကော်မတီမှကြီးမှူး ၍ မုန့်ဖုတ်နည်း သင်တန်း ဖွင့်လှစ်
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်လူငယ် ရေးရာ ကော်မတီတို့ မှကြီးမှူး၍ မုန့်ဖုတ်လုပ်နည်းသင်တန်းကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင်ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်၌ နွေနှမ်းစံပြကွက် စိုက်စက်ဖြင့် စိုက်ပျိုးခြင်း တောင်သူကွင်းသရုပ်ပြပွဲ ကျင်းပ
Feb 28,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ADSP စီမံကိန်းကူညီပံ့ပိုးမှုနှင့် နွေနှမ်းစံပြကွက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း တောင်သူကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက လက်ပန်လှကျေးရွာအုပ်စု၊ တောင်သူ ဦးခင်မောင်အေး၏ ကွင်းအမှတ် ၃၁/ဃ၊ ဦးပိုင်အမှတ် ၃၈ ရှိ (၂)ဧက စိုက်ကွက်တွင် ကျင်းပပြုလုပ်ရာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်နှင့် ဝန်ထမ်းများ၊ မာလဲ၊ နတ်တောင်၊ လက်ပန်လှကျေးရွာအုပ်စုများမှ နွေနှမ်းစိုက်တောင်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဆွေးနွေးပွဲနှင့် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယနေ့နံနက်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဆွေးနွေးပွဲနှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နွေရာသီ အားကစားသင်တန်းများ ဖွင့်မည်
Feb 28,2020
နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များ အားကစားတွင် စိတ်ပါဝင်စားမှုရှိစေရန် ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မြို့နယ် အားကစားခန်းမနှင့် မသန်စွမ်း အားကစား ကွင်းတို့တွင် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် ကွမ်းခြံစုကျေးရွာတွင် ပြည်သူ့၀န်ဆောင်မှုရုံး (OSS) ရွေ့လျား ၀န်ဆောင်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 28,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကွမ်းခြံစုကျေးရွာတွင် ပြည်သူ့၀န်ဆောင်မှုရုံး (OSS) ရွေ့လျား၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ကွမ်းခြံစုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
340
Page
341
Page
342
Page
343
Current page
344
Page
345
Page
346
Page
347
Page
348
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department