ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြရန်ပုံငွေ (၈၀ ဒဿမ ၄၆) သန်းဖြင့် တင်ဒါအောင်မြင်သည့် ​အောင်သီရိစံကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နတ်ရေတွင်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်မှု(၁/၀မိုင်)နှင့် ဥက္ကံကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်မှု (၀/၇) ဆောင်ရွက်နေမှု အခြေအနေ များကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း (COVID -19) ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
Mar 16,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသခံတောင်သူများ မြေဩဇာအချိုးညီ စနစ်တကျကျွေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖာပွန်မြို့နယ်၊ ဝှေဆန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Mar 16,2020
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြစ်တွင်း၌ မြူနှင်းပိတ်မှုကြောင့် ရန်ကုန်မြို့သို့ တက္ကသိုလ် ဝင်တန်း စာမေးပွဲ သွားရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွား မိဘ ပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေး၊ ဘေးကင်း လုံခြုံရေးအတွက် မြစ်တွင်းသွား စက်တပ် သမ္ဗန်များ၌ သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာမှုရှိစေရေး၊ မြူနှင်းပိတ်ချိန် ကမ်းမှ ခရီးသည်များ တင်ဆောင်ပြီး မထွက်ခွာစေရေးတို့ကို ယနေ့ နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ကူးတို့ဆိပ်(၁၁)ဆိပ်အား  မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်မှု ကော်မတီမှ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး ထပ်ဆင့် အသိပေး ပြောကြားခဲ့သည်။
Mar 16,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် Coronavirus Disease 2019 (Covid- 19) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်းပေးအပ်ပွဲကိုယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 16,2020
ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် MPT Sim Card မှတ်ပုံတင်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စောလျင်စွာ ပြီးစီးနိုင်ရေးအတွက် လေးမျက်နှာမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဝန်ထမ်းများမှ မတ်လ ၁၁ ရက်နေ့မှ စတင်၍ မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အဆောက်အဦသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေကျပ် ၁၆၃ ဒသမ ၂၀ သန်းဖြင့် ဌာနမှတာဝန်ယူ၍ ယခုနှစ်ဇန်နဝါရီ ၁ ရက်ကစတင် ဆောက်လုပ်ခဲ့ရာ ယခုအခါ ၈၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ(၂)(မြို့ပြ)ဒေါ်မေဇော်ဦးက ပြောသည်။
Mar 16,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မတ် ၁၆ ရက် ၊ ယနေ့ နံနက် ၉ နာရီက ၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများကို ပွင့်ဖြူမြို့ပေါ်ရှိ စေတနာရှင် ပြည်သူများက စုပေါင်း၍ စာရေးကိရိယာပစ္စည်းများနှင့် အာဟာရဒါနအဖြစ် သောက်ရေဗူးများနှင့်  မုန့်များလာရောက်ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။