Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ရေရှားပါးသည့်ကျေးရွာများသို့ ရေပြတ်လပ်မှု မရှိစေရေးအတွက် သောက်ရေ ၁၈၀၀ ဂါလံ သွားရောက် လှူဒါန်းပေး
Mar 17,2020
နှစ်စဉ်နှစ်တိုင်း နွေရာသီကာလတွင် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စု၊ ထီဟန်ထွိုင်းကျေးရွာနှင့် လိုက်တနျားကျေးရွာသို့ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးနှင့် သောက်ရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ကျေးရွာအရောက် သောက်ရေများ သွားရောက် လှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ (Covid-19) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 16,2020
အသက်ရှုလမ်းကြောင်းဆိုင်ရာ (Covid-19) အဆုတ်ရောင်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများနှင့် အဆိုပါရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြရန်ပုံငွေ (၈၀ ဒဿမ ၄၆) သန်းဖြင့် တင်ဒါအောင်မြင်သည့် အောင်သီရိစံကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နတ်ရေတွင်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်မှု(၁/၀မိုင်)နှင့် ဥက္ကံကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်မှု (၀/၇) ဆောင်ရွက်နေမှု အခြေအနေ များကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌(COVID -19) ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း (COVID -19) ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်မြို့၌ တောင်သူများ မြေဩဇာအချိုးညီစနစ်တကျကျွေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Mar 16,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသခံတောင်သူများ မြေဩဇာအချိုးညီ စနစ်တကျကျွေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖာပွန်မြို့နယ်၊ ဝှေဆန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များ မြူနှင်းပိတ်ချိန် မထွက်ခွာစေရေး ဒလမြို့နယ်ရှိ ကူးတို့ဆိပ်(၁၁)ဆိပ်အား စစ်ဆေး
Mar 16,2020
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြစ်တွင်း၌ မြူနှင်းပိတ်မှုကြောင့် ရန်ကုန်မြို့သို့ တက္ကသိုလ် ဝင်တန်း စာမေးပွဲ သွားရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွား မိဘ ပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေး၊ ဘေးကင်း လုံခြုံရေးအတွက် မြစ်တွင်းသွား စက်တပ် သမ္ဗန်များ၌ သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာမှုရှိစေရေး၊ မြူနှင်းပိတ်ချိန် ကမ်းမှ ခရီးသည်များ တင်ဆောင်ပြီး မထွက်ခွာစေရေးတို့ကို ယနေ့ နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ကူးတို့ဆိပ်(၁၁)ဆိပ်အား မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်မှု ကော်မတီမှ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး ထပ်ဆင့် အသိပေး ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် Covid 19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လိုအပ်သည့်ဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေ ကျပ်(၁၀)သိန်း လှူဒါန်း
Mar 16,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် Coronavirus Disease 2019 (Covid- 19) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်းပေးအပ်ပွဲကိုယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ Sim Card မှတ်ပုံတင်ခြင်းလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Mar 16,2020
ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် MPT Sim Card မှတ်ပုံတင်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စောလျင်စွာ ပြီးစီးနိုင်ရေးအတွက် လေးမျက်နှာမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဝန်ထမ်းများမှ မတ်လ ၁၁ ရက်နေ့မှ စတင်၍ မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
300
Page
301
Page
302
Page
303
Current page
304
Page
305
Page
306
Page
307
Page
308
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department