Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
နွေစပါးစိုက်ပျိုးသည့် တောင်သူများ အနှံထွက်ချိန် နှံစုပ်ပိုးကျရောက်မှုကာကွယ်ကြရန်လိုအပ်
Mar 17,2020
ပဲခူတိုင်းဒေသကြီး ၊ ရေတာရှည်မြို့နယ်၊ ဆွာဆည်တမံမှ ရေပေးဝေမှုဖြင့် ဒီဇင်ဘာလ ဒုတိယ အပတ်မှ စတင်၍ နွေစပါးများ စိုက်ပျိုးခဲ့ရာ သက်ရင့် ရက်ကိုးဆယ် ထိုင်းကောက်စပါးများ အနှံများ ထွက်ရှိ လာကြ ပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်တွင် စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေမည့် စနစ်ကျ လယ်ယာမြေ ဧက ၂၀ဝ ဖော်ထုတ်
Mar 17,2020
စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်လျက်ရှိကြသည့် တောင်သူများ၏ လက်မှု လယ်ယာ ခေတ်မှသည် စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ရေး မဟာဗျူဟာ စီမံကိန်းဖြင့် စနစ် ကျ လယ်ယာမြေ ဧက ၂၀ဝ အား ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၅၈ ကွင်းတွင် ဇန်နဝါရီ ၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ အချိန်ထိ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး သွားပြီ ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတလင်မြို့တွင် COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 17,2020
COVID-19 ရောဂါနှင့်ပတ်သက်၍ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ လူစည်ကားရာ နေရာ များတွင် ယမန်နေ့မှ စတင်ကာ အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၂၈)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
Mar 17,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းမှစ၍ ဒေးဒရဲ မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၊ လှည်းကျွန်းဝကျေးရွာ၌ လမ်းပန်းသွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသားကျောက်ခင်းလမ်း ခင်းကျင်း
Mar 17,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ လှည်းကျွန်းဝ ကျေးရွာတွင် လမ်းပန်းသွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသားကျောက်ခင်း လမ်း ခင်းသည့် လုပ်ငန်းများကို ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကနီမြို့နယ်၌ (COVID-19) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Mar 17,2020
ကနီမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ကနီမြို့ မြို့နယ်အထွေထွေ အုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိုင်မြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 17,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ကြိုတင် ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ဆည်မြို့တွင် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ၁၁၅၁ ဦးအား လူမှုရေးပင်စင် ထောက်ပံ့
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေး ပင်စင်ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် (၉)နာရီ အချိန်က တန့်ဆည်မြို့ မေတ္တာ မြိုင်ရပ်ကွက် အတွင်း ကွင်းဆင်း ထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
297
Page
298
Page
299
Page
300
Current page
301
Page
302
Page
303
Page
304
Page
305
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department