ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ပိုင်းက လူစည်ကားရာ မြို့မဈေး၊ ကားဂိတ်၊ လ္ဘက်ရည်ဆိုင်များနှင့် တက္ကသိုလ် ဝင်တန်း စာမေးပွဲ စာဖြေဌာန အခြေခံပညာ အထက်တန်း ကျောင်းရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 17,2020
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်၀င်တန်း စာမေးပွဲကို မြို့ပေါ်နှင့် ကျေးရွာစာစစ်ဌာန (၉)ခုတွင် ရူပဗေဒဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၈၄၈)ဦး ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 17,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မြို့မဈေးရှိ ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား ယမန်နေ့ နံနက်ပိုင်းက COVID-19 ရောဂါ ကင်းဝေးစေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
Mar 17,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းလွင်တို့သည် မြို့နယ်အတွင်း လေပြင်းဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ကွမ်းဇဲကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်ဖြေဆိုရန် ပျက်ကွက်သူ (၆၇)ဦး ရှိကြောင်း သိရသည်။
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၆၅၇) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မင်္ဂလာဈေး၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိ လိုက်နာစေရေး ယနေ့ နံနက် ၇ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်ကို လက်ဝယ်ရောက်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။