ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 18,2020
မကွေးတိုင်းဒေသကြီး မင်းခရိုင် မင်းဘူး (စကု) မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများကို  ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း  ကိုရိုနာဗိုင်းရပ်(စ်)ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 18,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ်ကြည့်ရှုရမည့် လူနာတွေ့ရှိလာပါက သီးခြားထားရှိကုသနိုင်ရန်  ပြည်သူ့ဆေးရုံ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ မွန်းတည့်ချိန်က  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်သိန်း၊   မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ကော်မတီဝင်များ၊   သာစည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသော်ကြီးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 18,2020
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ယောချောင်းထွက် အာလူးများ ပခုက္ကူဈေးကွက်သို့နေ့စဉ် အချိန်ခုနှစ်သောင်းခန့်ဝင်ရောက်လာကြောင်း မြနီလာပွဲရုံပိုင်ရှင် ဦးတင်ကိုထံကသိရသည်။
Mar 18,2020
အင်းစိန်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပညာပေး ဗီနိုင်းများကပ်ခြင်း နှင့် လက်သန့်ဆေးရည်များ ရေပုံးများ ဆပ်ပြာများ ထားရှိခြင်းတို့ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို  ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်‌ Coronavirus Disease 2019 (COVID-19) ရောဂါကို လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ ထားရှိလှူဒါန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပဒေသာဈေးကြီးအနီး အ.ထ.က(၅) ကျောင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့ နံနက် ၉ နာရီက အခြေခံပညာ ကျောင်းများရှိ စာစစ်ဌာန (၆) ခုတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုရန်အတွက် စာရင်းရှိ ၉၃၀ ဦးရှိပြီး ဖြေဆိုသူ ၈၇၉ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်းနှင့် ဖြေဆိုရန်ပျက်ကွက်သူ ၅၁ ဦးရှိကြောင်း ဘောဂဗေဒဘာသာရပ် ဖြေဆိုရန်အတွက် စာရင်းရှိ ၃၈၉၈ ဦးရှိပြီး ဖြေဆိုသူ ၃၅၂၉ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၅၃ ရာခိုင်နှုန်းရှိကြောင်းနှင့် ဖြေဆိုရန်ပျက်ကွက်သူ ၃၆၉ ဦးရှိကြောင်း သိရသည်။