ဘောဂလိမြို့၌ အသက် (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်

ဘောဂလိ ဩဂုတ် ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ရှိ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာ  ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကြိုတင်ကာကွယ်နိုင်ရန်  ရည်ရွယ်၍ ယမန်နေ့နံနက် (၉) နာရီအချိန်က ဘောဂလိမြို့  ဖူးထေ့လေ့အဆောင်၌   အသက်နှစ်နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ဘောဂလိမြို့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူဆရာမ ဒေါဖြိုးနန္ဒာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကလေး ငယ်များ ကူးစက်ရောဂါတို့မှ ကာကွယ်ရန်နှင့် အသိပညာ ဗဟုသုတရရှိစေရန်အတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ် အလေးချိန် ချိန်ပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာ၊  မေးခိုင်၊ ပိုလီယို အကြောသေ ရောဂါ၊ တီဘီရောဂါ၊ ဦးနှေောက်အမြှေးရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် အသည်းရောင်အသားဝါ (ဘီ) ရောဂါတို့ မှ ကင်းဝေး စေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နီလာအေး(ပြန်/ဆက်)