Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
တန့်ယန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်
Aug 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာစျေးရှေ့နှင့် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း အရှေ့ဘက်ရှိ ဗိုလ်ချုပ်လမ်း တစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်းသိကောင်းစရာများ အသိပညာပေးနံရံကပ်စာစောင်ပြသ
Aug 05,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များ၊ သိမှတ်ဖွယ်ရာများကို ပြည်သူများအလွယ်တကူဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ အသိပညာပေးနံရံကပ်စာစောင်အား ပြသဆောင်ရွက်ထားသည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Aug 05,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်သည့်အနေဖြင့် ဆေးထိုးရန်လာရောက်သည့် ကလေးမိခင်များအား နှာခေါင်းစည်း Mask တပ်ဆင်စေခြင်း၊ ကလေးမိခင်များအား စနစ်တကျလက်ဆေးပြီးမှ ဆေးခန်းအတွင်း ဝင်ရောက်စေခြင်း၊ ဆေးထိုးဆေးတိုက်ခြင်းကို ကလေးတစ်ဦးပြီးမှတစ်ဦးဆောင်ရွက်ခဲ့ကြောင်း၊ လူစုလူဝေးမဖြစ်စေရန် တစ်နေ့လျှင် တစ်နာရီခြားတစ်ကြိမ်စီဖြင့် ကလေး (၃၀) ဦးကိုသာ ဆေးထိုးဆေးတိုက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနအတွင်းရှိ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့
Aug 05,2020
ချင်းပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိဌာနအတွင်းရှိ ဝန်ထမ်းသားသမီး များအား ၂၀၂၀-၂၀၂၁ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ချင်းပြည်နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် မိမိဌာနအတွင်းရှိ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေး ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဆက်လက်၍ နှစ်စဉ်ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ရေးတို့ကို လည်းကောင်း ရှင်းလင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ Mobile Tablet ကို အသုံးပြု၍ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးကြီးကြပ်(၂)များအား မွမ်းမံသင်တန်းပို့ချ
Aug 05,2020
ချင်းပြည်နယ် မတူပီမြို့၌ Mobile Tablet ကိုအသုံးပြု၍ ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုပေးရန် ကျန်းမာရေးကြီးကြပ်(၂)များအား မွမ်းမံသင်တန်းပို့ချခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်
Aug 05,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ်(၂)သောင်းနှုန်းဖြင့် ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီး ၁၁ ရက်အတွင်း လာရောက်ကြည့်ရှုသူ ၁၅၆၂၆ ဦးရှိ
Aug 05,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာခြင်းကို ၁၁ ရက်အတွင်း ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုပြီး မိမိအမည် မပါဝင်ခြင်းကို လျှောက်ထားခြင်း၊ ကန့်ကွက်လွှာ လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းနေမှုကို ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့နယ်ပညာရေးရုံး ဝန်ထမ်းအိမ်ရာသစ် အဆောက်အအုံ ဖွင့်ပွဲကျင်းပ
Aug 05,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် မြို့နယ်ပညာရေးရုံး ဝန်ထမ်းအိမ်ရာသစ် အဆောက်အအုံဖွင့်ပွဲကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါပညာရေးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
259
Page
260
Page
261
Page
262
Current page
263
Page
264
Page
265
Page
266
Page
267
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department