ဟားခါးမြို့နယ်အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း ဆောင်ရွက် နေမှုများအား မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဟားခါး သြဂုတ်

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့်ရရှိရေး၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ဟားခါးမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်များသို့  Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအဆင်ပြေ ချောမွေ့စေရေးအတွက် ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထလာကီးယိုလျန်တို့နှင့် အဖွဲ့တို့က ယမန်နေ့ က  ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဟားခါးမြို့နယ်  အုပ်ချုပ်ရေးမှူးဦးမြင့်ဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထလာကီးယိုလျန်တို့ နှင့်အဖွဲ့သည် ဟားခါးမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များသို့ ရောက်ရှိကာ   Door  to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီး အိမ်ထောင်စု စာရင်းတွင် ပါရှိသူများနှင့် ၂၀၂၀ပြည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့ နောက်ပိုင်း မြို့နယ်အတွင်း လာရောက် နေထိုင်သူများအားလုံး မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိမှုမရှိစေဘဲ ဆန္ဒမဲပေးနိုင်ရေး၊ ကွယ်လွန်သူများ၊ သာသနာ့ ဝန်ထမ်းများ၊ အသက် ၁၈ နှစ်မပြည့်သူများ၊ မြို့နယ်အတွင်းမှ အခြားဒေသသို့ ပြောင်းရွေ့နေထိုင်သူများ မဲစာရင်းတွင်ပါရှိမှု ရှိပါက ပယ်ဖျက်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို မှန်ကန်စွာ စိစစ်ဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက်   မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်များ၊ ရာအိမ်မှူးများပါဝင်သော အစုအဖွဲ့ပေါင်း (၄၄)စုခွဲကာ သြဂုတ်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၂၇ ရက်နေ့အထိ  ကွင်းဆင်းစိစစ် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)