Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် မိုးစပါးရက် (၉၀) စမ်းသပ် စိုက်ကွက် အား ရိတ်သိမ်း
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာ ပေးစင်တာနယ်မြေ အတွင်းရှိ တောင်သူ ဦးသန်းမောင်၏ စိုက်ခင်းအတွင်း စိုက်ပျိုးထားရှိသော မိုးစပါးရက် (၉၀) စမ်းသပ် စိုက်ကွက်အား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဲရုံမှူးများ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Sep 28,2020
၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အဓိကတာဝန်ယူ ဆောင်ရွက်ရမည့် မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့နယ်အတွင်း CERP အစီအစဉ်အရ ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး
Sep 28,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မတူပီခရိုင်၊ မတူပီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ် - ၁၉ ကာလ ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် Cash For Work စီမံကိန်း ရန်ပုံငွေ ကျပ်သန်း (၁၀၀) ဖြင့် ကျေးရွာ (၁၀) ရွာတွင် စီမံကိန်း လုပ်ငန်းများကိုလည်းကောင်း၊ ကိုဗစ် - ၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားသည့် အစီအစဉ် ကျေးရွာမတည် ရန်ပုံငွေ (Village Revolving Fund Project) (VRFP) စီမံကိန်းဖြင့် ကျေးရွာ (၇) ရွာတွင် ချေးငွေထုတ်ပေးမှု စီမံကိန်းကိုလည်းကောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တတိယ ပတ်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီး ဖြစ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များ ကွင်းဆင်းစစ်ဆေး
Sep 28,2020
ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ဟားခါးမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်း မပြုစေရေး စစ်ဆေးကြပ်မတ်
Sep 28,2020
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်း မပြုစေရေးကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းကို ယမန်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့၌ ဘာသာရေးခေါင်းဆောင်များနှင့်မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များ တွေဆုံပွဲကျင်းပ
Sep 28,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယနေ့နံနက်(၁၀)နာရီက တွန်းဇံမြို့ရှိ ဘာသာရေးခေါင်းဆောင်များနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အဖွဲ့ဝင်များတွေ့ဆုံပွဲ အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့၌ သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်သော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်
Sep 28,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း သဘာဝ ဘေးအန္တရယ်ကြောင့် ထိခိုက်သောအထိမ်ထောင်စုများကို ပြည်နယ်လူမှုရေးဝန်ကြီးက ယနေ့နံနက် (၉)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် မူလာရှီးဒီ မြို့အဝင်/အထွက် ဂိတ်ကို ကော်မတီဝင်များ သွားရောက်ကြပ်မတ် စစ်ဆေး
Sep 28,2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တစ်ဖန်မြင့်တက်လျက်ရှိနေပြီး ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုမှ မြို့နယ် ပူတာအို-ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ကျန်းမာရေး နှင့် မြို့လူအဝင်/အထွက် စစ်ဆေးဂိတ်ကို ယမန်နေ့နံနက် ၈ နာရီခန့်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
166
Page
167
Page
168
Page
169
Current page
170
Page
171
Page
172
Page
173
Page
174
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department