Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ ရက်ပြည့်သူ (၁၆) ဦးအား Swab နမူနာ (၂) ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်
Sep 29,2020
ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ ၁၆ ဦးအား ရောဂါပိုး မတွေ့ရှိရသဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး
Sep 29,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ဘိုမြို့၌ ဈေးဆိုင်များအား ကိုဗစ်-၁၉ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 29,2020
မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၌ ဖွင့်လှစ်ထားသော ဈေးဆိုင်များအား ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီ ရောင်းချမှု ရှိ/မရှိ မြို့ပေါ်ရပ်ကွက်များနှင့် စည်ပင်သာယာဈေးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များအား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ဌာနဆိုင်ရာများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ မိုးကောင်းချောင်းနှင့် အင်းတော်ချောင်း ရေလျှံတက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များထဲသို့ ရေများဝင်ရောက်မှုဖြစ်ပွား
Sep 29,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ တနိုင်းဘက်မှမြစ်ဖျားခံ စီးဆင်းလာသော မိုးကောင်းချောင်းနှင့် အင်းတော်ကြီး ဘက်မှ မြစ်ဖျားခံစီးဆင်းလာသော အင်းတော်ချောင်းတို့မှ ရေများလျှံတက်လာမှုကြောင့် စက်တင်ဘာ (၂၇) ရက် ညနေပိုင်းမှစ၍ မြို့အဝင်ကားလမ်းပေါ်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း အနိမ့်ပိုင်းနေရာများဖြစ်သည့် လူနေအိမ်များထဲသို့ ရေများဖုံးလွှမ်းလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဝါမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရန် အသိပေးနှိုးဆော်
Sep 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချရန် ယမန်နေ့နံနက် (၁၀) နာရီက ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသတည်ငြိမ် ဖွံ့ဖြိုး အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အသိပေး နှိုးဆော်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် စပါးစိုက်ကွင်းပေါင်း(၂၃)ကွင်း ရေကြီးနစ်မြုပ်
Sep 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာလ(၂၁)ရက်တွင် မိုးများအဆက်မပြတ် ရွာသွန်းရာ စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းမှစ၍ လီဒိုလမ်းမကြီးပေါ် အချို့နေရာများ လမ်းရေကျော်မှုများ၊ လမ်းမြေသား ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲဆုရစာရင်းများ ကြေညာ
Sep 29,2020
ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်အမျိုးသမီးအားကစား ကော်မတီတို့ပူးပေါင်း ကြီးမှူးကျင်းပသည့် ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲတွင် မြို့နယ်အလိုက် ဆုရရှိသည့်စာရင်းများကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကြေညာပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုကိုးကျွန်းမြို့နယ်တွင် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် မီးသတ်တပ်ဖွဲ့စခန်းတည်ဆောက်
Sep 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာရုံး(၂၁)ရုံးဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု (၃၆၃)စုဖြင့် စုစုပေါင်းလူဦးရေ (၁၅၃၂) ဦး ရှိပါသည်။ အဆိုပါ လူဦးရေ၏ အိမ်ထောင်စုများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးသတ်ဦးစီးဌာနမှလည်း တစ်ဖက် တစ်လမ်းမှ ကာကွယ်ပေးလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
163
Page
164
Page
165
Page
166
Current page
167
Page
168
Page
169
Page
170
Page
171
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department