Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
လိုင်လင်းပီမြို့၌ ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာ
Oct 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရာ၌ မဲဆန္ဒရှင်အမည်စာရင်း မှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲအပြည့်အဝပေးနိုင်ရေးတို့အတွက် ဒုတိယအကြိမ်အဖြစ် အခြေခံမဲစာရင်းများ ကပ်ထားကြေညာခြင်းကို လိုင်လင်းပီမြို့၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှ အမှတ်(၁) ရပ်ကွက်ရှိ MTP Hall နှင့် အမှတ်(၂)ရပ်ကွက်ရှိ KTP Hall တို့တွင် ယနေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာ ပေးလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့၌ ဒုတိယအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Oct 01,2020
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို ယနေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်ရှိ စည်ပင်သာယာဈေးနှင့်ပျံကျဈေးနေရာများတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်
Oct 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြိုနယ်တွင် ကိူဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်သာယာဈေးနှင့် ပျံကျဈေးနေရာများတွင် မြိုနယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌နေရပ်ပြန်လာသူများ၏ ဓာတ်ခွဲနမူနာများရယူ ကာ သီးသန့်စောင့်ကြည့်နေရာများတွင် ကန့်သတ်ထားရှိ
Oct 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်ပနှင့် ပြည်တွင်းရှိ အခြားမြို့နယ်များ မှ နေရပ်သို့ပြန်လည်ရောက်ရှိလာသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန် အတွက် မြို့နယ်မနောကွင်းအတွင်းရှိ ခန်းမ၌ (၁၄)ရက် ကန့်သတ်ထားရှိလျက်ရှိရာ စက်တင် ဘာလ(၂၁)ရက်နေ့တွင် ပြည်ပမှနေရပ်သို့ပြန်လာသူ ကျား(၇)ဦးနှင့် မ(၄)ဦးနှင့် မန္တလေးမှပြန်လာသူ မ(၁)ဦး စုစုပေါင်းကျား(၇)ဦးနှင့် မ(၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်း တို့ပတ်၊ အာခေါင်တို့ပတ်အား ရယူခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ (၈၀)ဦးအား ခန့်အပ်၍ သင်တန်းပို့ချ
Oct 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံးအသီးသီး၌ လုံခြုံရေး တာဝန်ထမ်းဆောင် မည့် အထူးရဲ(၈၀)ဦးကိုခန့်အပ်၍ လုံခြုံရေး တာဝန်အပြည့် ထမ်းဆောင်စေရန် အထက ပြင်စလူ ကျောင်းတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဇွာမြို့၊ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Oct 01,2020
ချင်းပြည်နယ်၊ ရေဇွာမြို့၊ မြို့စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များ အနေဖြင့် ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကာလတွင် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲ သင်တန်းဖွင့်
Oct 01,2020
၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်ဥ သတ်မှတ်နေရာ အသီးသီးတွင် တပြိုင်တည်း ဖွင့်လှစ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်
Oct 01,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မချမ်းဘော့မြို့နယ် ရဲတပ်ဖွဲ့ကကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက အထကမချမ်းဘော့ ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
158
Page
159
Page
160
Page
161
Current page
162
Page
163
Page
164
Page
165
Page
166
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department