Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
အင်းတော်ကြီးကန် အရှေ့ဘက်ကမ်း ကွန်ကရစ်ပတ်လမ်း ၃၃ မိုင် တည်ဆောက်မှု ၇၇ ရာခိုင်နှုန်းခန့် ပြီးစီး ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည်
Oct 14,2020
မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်းတွင်း ရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးကန် အရှေ့ဘက်ကမ်းရှိ နန့်မွန်း - ချောင်းဝ - ညောင်ပင် ကွန်ကရစ်လမ်း အရှည် ၃၃ မိုင်နှင့် ၎င်းလမ်းပေါ်ရှိ ကွန်းကရစ် တံတားများ တည်ဆောက်မှု ၇၇ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာမှ (မြို့ပြ) ဦးစီးအရာရှိ ဦးရဲမြင့်ထွန်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့နယ်၌ (CERP) ထောက်ပံ့မှုဖြင့် စိုက်ပျိုးသော စံပြကွက်များအား ကွင်းဆင်းစစ်ဆေး
Oct 14,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးရာသီ၌ တောင်သူများအား စံပြကွက်များ စိုက်ပျိုးပြသလျက်ရှိသော နောင်မွန်မြို့၊ မြို့မတောင် ကွင်းအမှတ် (၁၄) တွင် (CERP) ထောက်ပံ့မှုဖြင့် စိုက်ပျိုးသော စံပြကွက်များအား ယနေ့နံနက် ၁၀ နာရီခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ဌာနအတွင်း ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်း ပို့ချ
Oct 14,2020
ဟားခါးခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဟားခါးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း၍ ဌာနအတွင်းဝန်ထမ်းများ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်းကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး ဆိုင်ရာ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ယနေ့ နံနက် ၉ နာရီအချိန်တွင် ဟားခါးမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ် လုံးခင်းနယ်မြေ ရဲစခန်းအား အသွားအလာကန့်သတ်ထားရှိဆောင်ရွက်
Oct 14,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦးသည် မန္တလေး ရဲသင်တန်းကျောင်းမှ နယ်ထိန်းသင်တန်းဆင်းပြန်လာပြီး ဓါတ်ခွဲစစ်ဆေးချက် အဖြေရယူမှုတွင် အောက်တိုဘာ ၁၃ ရက် ထုတ်ပြန်ချက် အဖြေအရ ကိုဗစ်-၁၉ရောဂါပိုး တွေ့ခဲ့ရပြီးနောက် လုံးခင်းနယ်မြေ ရဲစခန်းကို အသွားအလာ ကန့်သတ် ထားလိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျီခါးမြို့ မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ အသိပေး ထုတ်ပြန်ချက်များအား ကျေးရွာများသို့ လှည့်လည်အသိပေးနှိုးဆော်
Oct 14,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့၀င်များသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်များအား ကျေးလက်နေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က ကန့်ဆောက် ကျေးရွာအုပ်စု၊ ခေါဒမ် ကျေးရွာသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများ စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်အတွင်း မော်တော်ယာဉ်စီးနင်းသူများ ပိုမိုများပြားလာသည်နှင့်အမျှ ယာဉ်တိုက်မှုလျော့နည်း ပပျောက်စေရေး ရောင်ပြန်(Sticker)များကပ်နှိပ်ပေး
Oct 14,2020
ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ် အတွင်း မော်တော်ယာဉ်စီးနင်းသူများ ပိုမိုများပြားလာသည့်အတွက် ယာဉ်တိုက်မှု လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့ လမ်းဆုံ နေရာများတွင် အမှတ်(၁၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက် ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၌ ပြည်နယ်ဘတ်ဂျတ်ဖြင့် ဘောလုံးကွင်းများ တို့ချဲ့တူးဖော်ရန် ကျေးရွာများသို့ သတ်မှတ် နေရာများ ကြည့်ရှုစစ်ဆေး
Oct 14,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်၊ ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပြည်နယ် ဘတ်ဂျတ်ဖြင့် ဘောလုံးကွင်းများ တူးဖော်ရန်အတွက် သတ်မှတ်ထားသော နေရာများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်အားကစားမှူးနှင့် ဖနိုင်ဘောလုံးကွင်းတူးဖော်ရေး ကော်မတီများပူးပေါင်းကာ အောက်တိုဘာလ ၁၂ ရက်နေ့က ဖနိုင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ Facility Quarantine ဝင်ရောက်သူများ ကျား(၂)ဦးနှင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး စုစုပေါင်း(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ
Oct 14,2020
ချင်းပြည်နယ် ဟားခါးမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ Facility Quarantine ဝင်ရောက်နေသူ အသက်(၂၅)နှစ်နှင့် အသက်(၁၉)နှစ် ကျား(၂)ဦးနှင့် ဟားခါးမြို့ ဂန့်ဂေါလမ်း မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး စုစုပေါင်း(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
133
Page
134
Page
135
Page
136
Current page
137
Page
138
Page
139
Page
140
Page
141
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department