သုတကမ္ဘာစာကြည့်တိုက် ဖွင့်ပွဲကျင်းပ

ကြာအင်းဆိပ်ကြီး စက်တင်ဘာ    ၄

သုတကမ္ဘာစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမြဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ KNU ဒူးပလာရာခရိုင်မှ ဗိုလ်မှူးကြီးတင်လှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများနှင့် တက်ရောက်လာသူများက စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို လိုက်လံ ကြည့်ရှု အားပေးခဲ့သည်။

၎င်းစာကြည့်တိုက်ကို ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျပ်သိန်း(၃၀)ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။