မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ရောက်ရှိနေသည့် လယ်ယာမြေနှင့်အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင် နှင့် ဗိုလ်ချုပ်မြင့်နွယ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် မော်လမြိုင်မြို့မှ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့သို့ ရောက်ရှိပြီး ပုလဲရတနာခန်းမ၌ ကျင်းပသည့် ပြန်လည်စွန့်လွှတ် အပ်နှံသည့် လယ်ယာမြေ များအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃) လွှဲပြောင်းပေးအပ် ခြင်းအခမ်းအနားသို့ တက်ရောက်သည်။