Dec 03, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 03, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းတို့ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 03, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများထံ အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 03, 2024
ယနေ့တွင် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားနည်းများအလိုက် ပြိုင်ပွဲများကို သက်ဆိုင်ရာအားကစားရုံနှင့် အားကစားကွင်းများ၌ စတင်ယှဉ်ပြိုင်လျက်ရှိရာ ဝန်ကြီးဌာနအဆင့် အလွတ်တန်းဘောလုံးပြိုင်ပွဲကို ပျဉ်းမနားမြို့နယ်ရှိ ပြည်သူ့ပေါင်းလောင်းအားကစားကွင်း၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့် U -21 အမျိုးသားဘောလုံးပြိုင်ပွဲကို လေ့ကျင့်ရေးကွင်းအမှတ် (၃) ၊ (၄) တို့တွင်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ် ကွင်းတို့တွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌လည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 02, 2024
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ကျန်းမာရေးဝန်ကြီး H.E. Mr. Lei Haicho ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 01, 2024
(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၉)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးများကို ယနေ့တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ MGallery ဟိုတယ်၌ ကျင်းပရာ အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံလူမှုရေး - ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများသည် In-person/ Virtual စနစ်များဖြင့် တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 01, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 01, 2024
တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ နဝမပုံမှန်အစည်းအဝေး (၄/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အင်ဂျင်နီယာအထူးပြုပညာရပ်အလိုက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဝင်များ တက်ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ Virtual စနစ် ဖြင့် တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 01, 2024
မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Aureum Palace Hotel, Lake View Hall ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 01, 2024
(၂၀၂၄) ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်