May 19, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ သူနာပြုသင်တန်းကျောင်းကျောင်းဝင်းအတွင်း အမှိုက်များ ရှင်းလင်းနေမှုနှင့် အဆောက်အဦများ ပြင်ဆင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
May 19, 2023
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို မေ ၁၈ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိသည်။
May 19, 2023
ရုရှားခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ပိုမိုဝင်ရောက်လာရေးအတွက် မြန်မာ - ရုရှား ခရီးသွားမြှင့်တင်ရေး ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ခရီးစဉ်အစီအစဉ်များ (Familiari-zation-FAM Trip) ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 19, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ကျင်းပသည့် (၅)ကြိမ်မြောက် တရုတ် (အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲ ( The 5th Western China International Fair for Investment and Trade- WCIFIT) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
May 19, 2023
ရခိုင်ပြည်နယ် စစ်တွေမြို့၌ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်း၌ ရန်ကုန်မြို့မှ ထောက်ပံ့ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ဆောင်လာသည့် စစ်ရေယာဉ်မုတ္တမကို သွားရောက်ကြည့်ရှုပြီး ကယ်ဆယ်ရေးပစ္စည်းများအား ပို့ဆောင်ရမည့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သည်။
May 17, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထေင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ ပင်မအဆောက်အဦတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးများ ထိခိုက်ပျက်စီးမှု အပါအဝင်ရုပ်သံ ထုတ်လွှင့်မှုလုပ်ငန်းများ ကြံ့ခိုင်မှုအခြေအနေနှင့် စစ်တွေမြို့သို့ ပို့ဆောင်မည့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာပစ္စည်းများ ရေကူးအသံလွှင့်စက်ရုံ၌ ထုပ်ပိုးပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
May 16, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများမှ မူကြိုနှင့် KG+9 အထိ တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၆) ရှိ ရတနာခန်းမ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်အမှာစကား ပြောကြားသည်။
May 16, 2023
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြန်မာပြက္ခဒိန်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အမှတ် (၁၃၁) အနုပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
May 16, 2023
မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
May 12, 2023
မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။
May 12, 2023
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ယမန်နေ့ဒေသ စံတော်ချိန် နံနက်(၈)နာရီခွဲတွင် ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိ သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများကို လိုက်လံကြည့်ရှုအားပေးသည်။
May 12, 2023
ပဉ္စမအကြိမ် အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄)အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း(ဗဟို)နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းတို့မှဥက္ကဋ္ဌများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
May 12, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာအထက်တန်းကျောင်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ တွဲဖက်ဖွင့်လှစ်သင်ကြားမည့် အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ ကဝမြို့နယ် အ.ထ.က အုန်းနှဲသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
May 12, 2023
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC) လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။
May 12, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း (Foreign Correspondent Club of Japan - FCCJ) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr. KHALDON AZHARI သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံရာ တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
May 12, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြား သတင်းထောက်များအသင်း (Foreign Correspondent Club of Japan-FCCJ) ၏ ဥက္ကဋ္ဌဟောင်း Mr. KHALDON AZHARI နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 11, 2023
ကမ္ဘောဒီးယားနိုင်ငံ AEON HALL, AEON MALL SEN SOK ၌ မေ ၉ ရက်ကကျင်းပသည့် ဘိလိယက်နှင့် စနူကာအားကစားနည်း (English Billiards Singles) အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ (မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံမှ ဦးပေါက်စသည် ကမ္ဘာ့ဘိလိယက်ချန်ပီယံပြိုင်ပွဲတွင် ရွှေတံဆိပ်ခြောက်ဆုနှင့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်ခြောက်ဆုရရှိထားသော စင်ကာပူနိုင်ငံသား Mr. Peter GilChrist ကို (၃-၀)ဖြင့် အနိုင်ရရှိခဲ့ပြီး ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ စင်ကာပူနိုင်ငံမှ Mr.Peter GilChrist က ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း၊ ထိုင်းနိုင်ငံမှ Mr. Praprut Chaithanasakun နှင့် Mr.Yuttapop Pakpoj တို့က ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကိုလည်းကောင်း၊ 6 Red Snooker Singles (အမျိုးသား) တစ်ဦးချင်းပြိုင်ပွဲတွင် (မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှမောင်ဟိန်းလွင်မိုးက တတိယ(ကြေးတံဆိပ်ဆု)ကိုလည်းကောင်း ရရှိကြသည်။
May 11, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း (Foreign Correspondent Club of Japan - FCCJ) ၏ ဥက္ကဋ္ဌဟောင်း Mr. KHALDON AZHARI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 11, 2023
မုန်တိုင်းဘေးအရေးပေါ်တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Centre-DMC)နှင့် တိုင်းဒေသကြီး/ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 11, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
