Skip to main content

Sep 14, 2024

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန(DMC)၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Sep 13, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Sep 13, 2024

စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) သို့ရောက်ရှိပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်ရုံအတွင်းသို့ ရေဝင်ရောက်ခဲ့မှုအခြေအနေ၊ ကုန်ချော၊ ကုန်ကြမ်းပစ္စည်းများ ပျက်စီးမှုမရှိစေရေးဆောင်ရွက်ထားရှိမှု၊ ရေဝင်ရောက်မှုကြောင့် စက်ပစ္စည်းများ ပျက်စီးမှုမရှိစေရေးဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် မွေ့ရာ၊ အိပ်ရာခင်း၊ ခေါင်းအုံးများချုပ်လုပ်နေမှု၊ ဝန်ကြီးဌာနများ၏ တူညီဝတ်စုံများချုပ်လုပ်နိုင်ရေးအတွက် ပိတ်များ ရက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Sep 13, 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Sep 13, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဖြတ်သန်းသွယ်တန်း တည်ဆောက်ထားသည့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် (၃၀၁၊ ၃၀၂၊ ၃၀၃၊ ၃၀၄၊ ၃၀၅) နှင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် (၁၂၊ ၁၃၊ ၁၄၊ ၁၅) တာဝါတိုင်များသည် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Sep 13, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ရေဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Sep 13, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့မှ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနစ်မြုပ်နေသည့် ကျေးရွာများမှ ပြည်သူများအား ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးနေမှုကို သွားရောက်ကြည့်ရှု၍ လိုအပ်သည့်လူနှင့် ပစ္စည်းများရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးပြီး ဘေးလွတ်ရာသို့ရောက်ရှိလာသည့် ပြည်သူများအား နိုင်ငံတော်မှဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ နှစ်သိမ့်အားပေး စကားပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Sep 13, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးရွာသွန်းမှုများ၍ ရုတ်တရက် ဆင်သေချောင်းရေလျှံခြင်းကြောင့် ဆင်သေချောင်းတစ်လျှောက်ရှိ ဆင်သေချောင်းတံတား (ပုပ္ပါးကုန်း) နှင့် ဆင်သေချောင်းတံတား (သိုက်ချောင်း) တို့တွင် တံတားကမ်းကပ်ခုံများပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်း၊ တံတားရေလယ်တိုင် (Pier) များ နိမ့်ကျခြင်းများ ဖြစ်ပေါ်နေသည့်အပြင် အေးမြင့်သာယာတံတားနှင့် ကျောက်ချက်တံတားတို့သည်လည်း ချဉ်းကပ်လမ်းအပါအဝင် ရေနစ်မြုပ်နေခြင်းကြောင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ပြင်ဆင်ဆောင်ရွက်နိုင်မည့် အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Sep 13, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Sep 13, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဝင်ဒမ်ဂရမ်း ရန်ကုန်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (China Foundation For Rural Development-CFRD) တို့ ပူးပေါင်းကျင်းပသော CITIC Star Scholarship ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်