Skip to main content

ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သည့်သဝဏ်လွှာ

လူကုန်ကူးမှုသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သော ခေတ်သစ်ကျေးကျွန်စနစ်အသွင် ပြဿနာတစ်ခုဖြစ်ပါသည်။ လူကုန်ကူးမှုပြဿနာကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခံစားနေရပြီး အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော နိုင်ငံများသည် လူကုန်ကူးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမိုခံစားနေကြရပါသည်။ မျက်မှောက်ခေတ်တွင် လူကုန်ကူးမှုပြဿနာသည် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ် လာသဖြင့် ကမ္ဘာ့နိုင်ငံများက နည်းလမ်းမျိုးစုံဖြင့် ထိရောက်စွာ ကြိုးပမ်းအားထုတ် တားဆီးကာကွယ်ကြသော်လည်း ဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်ကြောင်း နိုင်ငံတကာမှ အသိအမှတ်ပြုဖော်ပြလျက် ရှိပါသည်။
Subscribe to မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သည့်သဝဏ်လွှာ