နိုင်ငံတော်အစိုးရ တာဝန်ယူမှု ဆယ်လမြောက်၏ မှတ်တိုင်များ
(၂၇)ကြိမ်မြောက်အာဆီယံပို့ဆောင် ရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ နိုဝင်ဘာ ၁၁ ရက်က ကျင်းပရာ အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီး များအစည်းအဝေးနှင့် US-ASEAN Business Council (US-ABC) ဆွေးနွေးပွဲ တို့ကိုလည်း တစ်ဆက်တည်း ကျင်းပသည်။ ထို့အတူ နိုဝင်ဘာ ၁၂ ရက်က အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများနှင့် ကျင်းပသော (၁၉) ကြိမ်မြောက် အာဆီယံ- ဂျပန် ပို့ဆောင်ရေးဝန်ကြီး အစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေး ဝန်ကြီးအစည်းအဝေးနှင့် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်းအဝေးများသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။