ကန္ဒရဝတီငွေတောင်ပြည်၏ ကျေးလက်လမ်း၊ တံတားဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်ချက်များ
ကန္ဒရဝတီငွေတောင်ပြည် (ကယားပြည်နယ်) သည် သဘာဝ၏အလှတရားများနှင့်ဝန်းရံနေပြီး မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိသည်။ သဘာဝတောတောင် ရေမြေအလှတရားများဝန်းရံ၍ ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကိုများ ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲနေထိုင်ကြသော ပြည်နယ်တစ်ခုဖြစ်ပြီး မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အနောက် တောင်ဘက်တွင် ကရင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိပြီး မြောက်လတ္တီကျု ၁၈ ဒီဂရီ ဝ မိနစ်နှင့် အရှေ့လောင်ဂျီကျု ၉၄ ဒီဂရီ ၄၀ မိနစ်နှင့် ၉၇ ဒီဂရီ ၉၃ မိနစ်ကြားတွင် တည်ရှိပါသည်။