Skip to main content

သမိုင်းပညာရှင် ဆရာကြီးစည်သူဒေါက်တာခင်မောင်ညွှန့်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်ရှိ စာပေဗိမာန်သည် ပြည်သူလူထုအား ပညာမျက်စိပေးရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြန်မာစာပေဖွံ့ဖြိုးရေးနှင့် အများပြည်သူများ အသိဉာဏ်ဖွံ့ဖြိုးစေမည့် စာအုပ်စာပေများ ထုတ်ဝေခြင်းနှင့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာစာပေဖွံ့ ဖြိုးရေးလုပ်ငန်းများတွင် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရေးနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိပါသည်။ စာပေဗိမာန်ဆုကို ၁၉၄၈ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ပြီး ၁၉၅၆ ခုနှစ်မှစတင်ကာ အမျိုးသားစာပေဆုများအဖြစ် နှစ်စဉ်ချီးမြှင့်ခဲ့ပါသည်။ အမျိုးသား စာပေတစ်သက်တာဆုကို ၂၀၀၁ခုနှစ်မှစတင်၍ ချီးမြှင့်ခဲ့ပါသည်။
Subscribe to သမိုင်းပညာရှင် ဆရာကြီးစည်သူဒေါက်တာခင်မောင်ညွှန့်