Skip to main content

အသည်းရောင်ရောဂါကို အချိန်မဆိုင်းထိန်းချုပ်ရေး ဝိုင်းဝန်းရှာဖွေကုသပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ နှစ်တစ်နှစ်၏ ဇူလိုင်လ ၂၈ရက်နေ့ကို ကမ္ဘာ့အသည်းရောင်ရောဂါနေ့ (World Hepatitis Day) အဖြစ် သတ်မှတ်ထားရာ ထိုနေ့သို့ရောက်တိုင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အများပြည်သူများအတွက် အသိပညာနှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေ ရန်ရည်ရွယ်၍ ပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိကြပါသည်။ မည်သည့်ရောဂါအတွက်မဆို ရောဂါဖြစ်ပေါ်ခံစားလာမှ ကုသခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ် ထားခြင်းကပို၍သာလွန်ကောင်းမြတ်လှပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း (WHO) က ယခုလိုနှစ်တစ်နှစ်၏ ပြက္ခဒိန်လများတွင် ၉၆ ပါးသော ရောဂါဝေဒနာအမျိုးမျိုးအတွက် ကျန်းမာရေး သတိပေးနေ့များကို သတ်မှတ်ကာ စဉ်ဆက်မပြတ် အသိပေးလျက်ရှိပါသည်။
Subscribe to ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အကြိုဂုဏ်ပြုဆောင်းပါး