အဖျက်သမားတွေရဲ့ နိဂုံးအဆုံးသတ် နီးပါပြီ
မြန်မာနိုင်ငံမှာ ပြည်သူတွေ အထိတ်တလန့်ဖြစ်ရတာ အခုမှ မဟုတ်ပါဘူး။ လွတ်လပ်ရေး မရမီ၊ ရပြီးကနေ ယနေ့ထက်တိုင်အောင်ဖြစ်နေတာပါပဲ။ လွတ်လပ်ရေးမရမီက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ပစ်ခတ်သတ်ဖြတ် လုပ်ကြံခံရမှုကနေ လွတ်လပ်ရေးရပြီး ပြည်တွင်းသောင်းကျန်းမှုကာလ တစ်လျှောက်နဲ့ ယနေ့ထက်တိုင်အောင် ပြည်သူတွေ အထိတ်တလန့်ဖြစ်စေတဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်လို ဖြစ်စဉ်ကြီးငယ်တွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။