အဖျက်သမားတွေရဲ့ နိဂုံးအဆုံးသတ် နီးပါပြီ
မြန်မာနိုင်ငံမှာ ပြည်သူတွေ အထိတ်တလန့်ဖြစ်ရတာ အခုမှ မဟုတ်ပါဘူး။ လွတ်လပ်ရေး မရမီ၊ ရပြီးကနေ ယနေ့ထက်တိုင်အောင်ဖြစ်နေတာပါပဲ။ လွတ်လပ်ရေးမရမီက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ပစ်ခတ်သတ်ဖြတ် လုပ်ကြံခံရမှုကနေ လွတ်လပ်ရေးရပြီး ပြည်တွင်းသောင်းကျန်းမှုကာလ တစ်လျှောက်နဲ့ ယနေ့ထက်တိုင်အောင် ပြည်သူတွေ အထိတ်တလန့်ဖြစ်စေတဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်လို ဖြစ်စဉ်ကြီးငယ်တွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။
နိုင်ငံရေးပယောဂ
နိုင်ငံအတွင်းမှာ အများပြည်သူတွေရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ လုယက်မှုတွေ၊ လူသတ်မှုတွေ၊ ဗုံးဖောက် ခွဲမှုတွေ စတဲ့ အထိတ်တလန့် ဖြစ်စရာတွေဟာ အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဖြစ်စဉ်တွေကို ဖော်ထုတ်ဖမ်းဆီးနိုင် တာတွေရှိသလို မဖော်ထုတ်၊ မဖမ်းဆီး နိုင်သေးတဲ့ အမှုတွေလည်း ရှိပါတယ်။ တိုင်းပြည် ကောင်းရာကောင်းကျိုးကို ဆောင်ရွက်တဲ့နေရာမှာ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း လုပ်တဲ့သူတွေ အမြဲရှိနေတာကို တွေ့ရမှာဖြစ်ပါ တယ်။ တိုင်းပြည်ကို ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ရာမှာ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် ဗုံးဖောက်ခွဲတဲ့ လုပ်ရပ်တွေကို အလွယ်လုပ်ကြပါတယ်။ ဒီလိုလုပ်ကြတာဟာ အများသော အားဖြင့် နိုင်ငံရေးပယောဂကြောင့် နောက်ဆက်တွဲ အဖြစ်များပါတယ်။
ဝိုင်းဝန်းဖျက်ဆီး
မြန်မာနိုင်ငံ မတိုးတက်တာကို ရှည်ရှည်ဝေးဝေး ပြောနေစရာ လိုမယ်မထင်ပါဘူး။ လွတ်လပ်ရေးရပြီးကတည်း က နိုင်ငံကို တည်ဆောက်တဲ့သူက တည် ဆောက်၊ ဖျက်ဆီးတဲ့သူက ဖျက်ဆီးခဲ့ကြ တာ တောက်လျှောက်ပါပဲ။ ယုံကြည် ချက်တွေ၊ ခံယူချက်တွေ၊ အယူဝါဒတွေ ကွဲပြားတာနဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ ဝန်မလေးခဲ့ကြပါဘူး။ ဒါဟာ ဒီမိုကရေစီလားလို့ မေးခွန်းထုတ်ချင်ပါတယ်။ တိုင်းပြည် စည်းလုံးမှုလျော့နည်းတဲ့အခါ၊ တိုင်းပြည်မှာ အားနည်းချက်တွေ၊ မတည်ငြိမ်မှုတွေ ပေါ်လာတဲ့အခါတိုင်းမှာ အဖျက်လုပ်ရပ်တွေလည်း ပေါ်ပေါက်လာစမြဲပါပဲ။
အဖျက်လုပ်ရပ်တွေကို ဘယ်သူတွေ လုပ်ကြတာလဲဆိုတော့ ရိုးရိုးရှင်းရှင်းပြောရင် နိုင်ငံရေးအစွန်းရောက်တွေနဲ့ ကိုယ်ကျိုးရှာသမားတွေက လုပ်ကြတာများပါတယ်။ တောကြောင်တွေကလည်း အခြေအနေပေးရင်ပေးသလို ဖျက်ဆီးနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ကို ဝိုင်းဝန်းဖျက်ဆီးနေ တာကြောင့် တိုင်းပြည်ဟာ ရှေ့ခရီးဆက်ဖို့ ခက်ခဲလွန်းပါတယ်။
နောက်ကွယ်ကကြိုးကိုင် မဝေးကွာလှတဲ့ကာလကို ပြန်ကြည့် မယ်ဆိုရင် ၂၀၀၄ ခုနှစ်မှာ ရန်ကုန် ဘူတာကြီးအနီး ဗုံးထောင်ဖောက်ခွဲမှု၊ ၂၀၀၅ ခုနှစ်က မြေနီကုန်း ဒဂုံစင်တာ၊ရှစ်မိုင်လမ်းဆုံ Junction-8 နဲ့ ပုဇွန် တောင် ကုန်သွယ်ရေးဗဟိုဌာနတွေကို တစ်ပြိုင်တည်း ဗုံးဖောက်ခွဲခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒေါပုံမြို့နယ်က Capital Hyper Market ပေါက်ကွဲမှု၊ တောင်ဒဂုံ လဝကရုံး ပေါက်ကွဲမှု၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝင်းနဲ့ မရမ်းကုန်းမြို့နယ် Ocean Super Center coloso a603 ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ပေါက်ကွဲမှုတွေ နေ့စဉ်နေ့တိုင်းလိုလို ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီဗုံးဖောက်ခွဲမှုတွေဟာ ဘယ်သူတွေရဲ့ လက်ချက်လဲဆိုတာအထွေအထူးပြော စရာလိုမယ်မထင်ပါဘူး။ ဒီဗုံးဖောက်ခွဲ မှုတွေဟာ အားအားယားယားရှိတိုင်း လက်ယားပြီး ဖောက်ခွဲနေတာမဟုတ်ပါဘူး။ ဒီလိုဗုံးဖောက်ခွဲဖို့အတွက် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားတဲ့သူ၊ ငွေကြေးပစ္စည်း ထောက်ပံ့ပေးတဲ့သူ၊ တွန်းအားပေးနေတဲ့သူတွေ ပြည်တွင်း မှာရော၊ ပြည်ပမှာပါ အဲဒီတုန်းကလည်း ရှိခဲ့ပါတယ်၊ အခုလည်းရှိနေပါတယ်။
လူထုအုံကြွစေရန် နမူနာအနေနဲ့ တင်ပြရမယ်ဆိုရင် ၂၀၀၅ ခုနှစ်က ပြည်ပကဆရာကြီးတွေနဲ့ ပြည်တွင်း၊ ပြည်ပက အကြမ်းဖက် အဖျက်သမား (Terrorist)တွေက နိုင်ငံတော်ကို သုံးဖက်သုံးတန်ညှပ်တိုက်ဖို့ စီမံခဲ့ကြပါတယ်။ အဖျက်သမားတွေရဲ့ မြေပေါ်မြေအောက်၊ ပြည်ပြေး တိုက်ကွက်တွေ အားလုံးနီးပါးကို နိုင်ငံတော်က ကြိုတင်ကာကွယ် တားဆီးချေမှုန်းပစ်နိုင်ခဲ့ပါတယ်။
ပြည်ပအခြေစိုက် (National Council of the Union of BurmaNCUB) လို့ခေါ်တဲ့ မြန်မာနိုင်ငံအမျိုးသားကောင်စီနဲ့ (Federation of Trade Union Burma-FTUB) လို့ခေါ်တဲ့ မြန်မာ နိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဆိုတဲ့ ပြည်ပြေးအဖွဲ့တွေရဲ့ အထွေထွေအတွင်း ရေးမှူးမောင်မောင်ခေါ်ပြည်သစ်ညွန့်ဝေ ဟာ တစ်ဖက်နိုင်ငံမှာရှိတဲ့ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (Network for Democracy and Development| NDD) အမည်ခံ အကြမ်းဖက်အဖွဲ့ကို ကြားခံထားပြီး မြန်မာနိုင်ငံအတွင်းရှိ ဝန်ထမ်းတွေနဲ့ လူတန်းစားအလွှာ အသီးသီးထဲမှာ မြေပေါ်အမာခံအချို့ကို မြှုပ်နှံစည်းရုံးမွေးမြူပြီး ငွေကြေး အထောက်အပံ့တွေ ထောက်ပံ့ကာ ပြည်တွင်းရေး မငြိမ်မသက်ဖြစ်ပွား စေရန်နဲ့ လူထုအုံကြွမှုဖြစ်စေရန်ကြံစည် လုပ်ဆောင်ခဲ့ပါတယ်။
မြေအောက်လုပ်ငန်း
FTUB ကို ၁၉၉၁ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ ချင်းမိုင်၊ မဲဟောင်ဆောင်နဲ့ မဲဆောက်မြို့တွေမှာ ရုံးခန်းတွေဖွင့်လှစ်ခဲ့သလို ဝါရှင်တန်၊ ဆစ်ဒနီနဲ့ တိုကျိုမြို့တွေမှာလည်း ရုံးခန်း တွေဖွင့်လှစ်ပြီး အလုပ်သမားရေးရာကိစ္စ တွေကိုဗန်းပြကာ ပြည်တွင်းရေး မငြိမ် ( မသက်ဖြစ်အောင် ဝင်ရောက်လှုပ်ရှားခဲ့ပါတယ်။ FTUB ဟာ လယ်သမား၊ အလုပ်သမားနဲ့ အခြားသော ရနိုင်သမျှ သတင်းတွေကို စုဆောင်းပြီး ILO နဲ့ အနောက်နိုင်ငံတွေက အလုပ်သမားအဖွဲ့တွေဆီ ပေးပို့ပါတယ်။ ပေးပို့တဲ့အခါ ထောက်ပံ့ငွေရပါတယ်။ အဲဒီထောက်ပံ့ငွေနဲ့ တစ်ဖက်နိုင်ငံကိုရောက်လာတဲ့ မြန်မာ နိုင်ငံသားအချို့ကို စည်းရုံးလေ့ကျင့် အသုံးချပြီး ပြည်တွင်းဆူပူမှုဖြစ်စေရန် မြေပေါ်အဖျက်လုပ်ငန်းနဲ့ မြေအောက် လုပ်ငန်းတွေ လျှို့ဝှက်လုပ်ဆောင်ခဲ့ပါ တယ်။
နိုင်ငံရေးအန်တုမှု
မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ဆိုတာ အကြမ်းဖက်လက်နက် |ကိုင်အဖွဲ့ ကိုးဖွဲ့၊ ပြည်ပရှိဆန့်ကျင်ဘက် အဖွဲ့အစည်း ၂၆ ဖွဲ့နဲ့ ပြည်ပကိုထွက်ပြေးသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) စတဲ့ အဖွဲ့တွေပေါင်းစပ်ပြီး နိုင်ငံတော်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
NCUB. FTUB အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ မောင်မောင် ခေါ်ပြည်သစ် ညွန့်ဝေဟာ အနောက်နိုင်ငံကြီးအချို့ရဲ့ ငွေကြေးထောက်ပံ့မှုကို လျှို့ဝှက်တစ်မျိုး၊ ပေါ်ပေါ်ထင်ထင်တစ်ဖုံ ရယူပြီး အဲဒီငွေတွေနဲ့ ဒီမိုကရေစီနှင့်ဖွံ့ဖြိုး တိုးတက်ရေးအင်အားစု NDD မှ သိန်းဝင်းကတစ်ဆင့် ပြည်တွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း၊ ဝန်ထမ်းဟောင်းနဲ့ အရပ်သားတွေကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာလအတွင်းက မဲဆောက်မှာ ထောက်ပံ့ပေးခဲ့ပါတယ်။ ၎င်းတို့ကိုတွေ့ဆုံရာမှာ ပြည်တွင်း သတင်းတွေ၊ ဝန်ထမ်း၊ အလုပ်သမား၊ လယ်သမားထုအတွင်း လှုံ့ဆော်သွေးထိုး ရမယ့် အစီအစဉ်တွေ၊ မြေအောက်စနစ်၊ နိုင်ငံရေးအန်တုမှု သင်တန်းတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။
ပုံမှန်ထောက်ပံ့ငွေကြေး
လေ့ကျင့်ပေးထားတဲ့ အမာခံတွေကို နိုင်ငံတော်အစိုးရ ဆန့်ကျင်ရေး စိတ်ဓာတ်တွေ၊ သတင်းယူနည်း။ ဆက်သွယ်နည်းတွေကို စမ်းသပ်ကြည့်ရှု စိတ်ကျေနပ်ပြီဆိုတာနဲ့ ပြည်တွင်းမှာ အဖျက်အမှောင့်လုပ်ရမယ့် ရည်မှန်းချက်တာဝန်တွေကို ချမှတ်ပေးပြီး ပြည်တွင်းကို ပြန်လည်စေလွှတ်လိုက်ပါတယ်။ အဲဒီ အမာခံတွေအပြန်မှာ ထောက်ပံ့ကြေးငွေတွေ သိန်းနဲ့ချီပြီးပေးလိုက်သလို နောက်ပိုင်းမှာ ပုံမှန်ထောက်ပံ့ငွေတွေကိုလည်း ကြားခံတွေကတစ်ဆင့် ပေးပို့ ခဲ့ကြပါတယ်။ NDD မှ သိန်းဝင်းဟာ ပဲခူး ဇာတိဖြစ်ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း အပြီးမှာ ပဲခူး NLD လူငယ်ခေါင်းဆောင် တစ်ဦးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ပဲခူးမြို့မှာ ဆူပူအုံကြွမှုတွေဖြစ်အောင် လုပ်ဆောင်မှုကြောင့် ၁၉၉၀ မှာ ထောင် လေးနှစ်ကျခဲ့ပါတယ်။၁၉၉၅ မှာ ထောင် ကလွတ်ပြီး ABSDF ထဲ ဝင်ရောက် သွားသူဖြစ်ပါတယ်။ ။
ဗုံးဖောက်ခွဲဖို့စေလွှတ် သိန်းဝင်းဟာ ABSDF အဖွဲ့ဝင်အဖြစ် ဆောင်ရွက်စဉ်၁၉၉၈ ခုနှစ်မှာ ပြည်ပြေး ဒေါက်တာ စိန်ဝင်းနဲ့ မိုးသီးဇွန်တို့ ဦးဆောင်ဖွဲ့စည်းတဲ့ (People's Power | 21st Century- PP-21) လို့ခေါ်တဲ့ (၂၁) ရာစု ပြည်သူ့စွမ်းအားအဖွဲ့ ထဲကို ဝင်ရောက်ပြီး ဖောက်ခွဲရေးတာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ PP-21 အဖွဲ့ဟာ ၁၉၉၉ ခုနှစ်အတွင်း ပြည်တွင်းမှာ နေရာအနှံ့ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာစေဖို့ နိုင်ငံကြီးတစ်နိုင်ငံရှိ P.D. Burma ဆိုတဲ့ အဖွဲ့ရဲ့ ထောက်ပံ့ငွေနဲ့ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ဖောက်ခွဲရေးတာဝန်ခံ သိန်းဝင်းဟာ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ လူစည်ကားနေတဲ့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနီးမှာ ဗုံးဖောက်ခွဲဖို့ စိုးသီဟ ဦးဆောင်တဲ့ လေးဦးပါအဖွဲ့ကို တာဝန်ပေးစေလွှတ်ခဲ့ပါတယ်။
မြေပေါ်အမာခံတွေ
အဲဒီအဖွဲ့ဟာမဟာဗန္ဓုလပန်းခြံအနီး ချိန်ကိုက်ဗုံးတစ်လုံး ချထားခဲ့သော်လည်း လုံခြုံရေးအဖွဲ့တွေက ကြိုတင်တွေ့ရှိ ရှင်းလင်းနိုင်ခဲ့လို့ အပြစ်မဲ့ပြည်သူတွေ သေကျေဒဏ်ရာရတဲ့ အဖြစ်ဆိုးကြီးက လွတ်မြောက်ခဲ့ပါတယ်။ ဖောက်ခွဲဖို့ ကြိုးပမ်းခဲ့တဲ့ စိုးသီဟနဲ့ အဖွဲ့ဟာ လက်မတင်လေး လွတ်မြောက်သွားခဲ့ ပါတယ်။ အဲဒီအဖွဲ့ဟာ ဧပြီလအတွင်းမှာ ဖောက်ခွဲဖျက်ဆီးရေးတွေ လုပ်ဆောင်ဖို့ ဒုတိယအကြိမ် ပြည်တွင်းကို ထပ်မံ ဝင်ရောက်လာရာမှာ ဧပြီလ ၁ ရက်နေ့မှာ စိုးသီဟကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
စိုးသီဟကို စစ်ဆေးချက်အရ နောက်ထပ်အဖွဲ့ဝင်တွေကို ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အတူဧပြီလ ၁၀ ရက်နေ့မှာ မြဝတီနဲ့ ကျုံဒိုးမြို့မှာ ဖမ်းဆီးရမိခဲ့ပါ တယ်။ NDDရဲ့ ပြည်တွင်းသတင်းကွန်ရက် တာဝန်ခံ သိန်းဝင်းဟာ ပဲခူးသားအချို့ကို လိုအပ်တဲ့ သတင်းရယူနည်းသင်တန်း၊ မြေအောက်ဆက်သွယ်မှု သင်တန်းတွေပေးပြီး ငွေကြေးထောက်ပံ့မှုတွေနဲ့ နိုင်ငံတကာကို ဆက်သွယ်လို့ရမယ့် တရားမဝင်ဂြိုဟ်တုဖုန်းတွေတပ်ဆင်ပေးပြီး ပဲခူးမြို့မှာ မြေပေါ်အမာခံအဖြစ် ၂၀၀၃ | ခုနှစ် တစ်ဝိုက်ကစလို့ မြှုပ်နှံခဲ့ပါတယ်။
အမာခံတွေဖြန့်ကြက်
၎င်းတို့အဖွဲ့ဟာ မရေရာတဲ့ သတင်း အစအနတွေယူပြီး လုပ်ကြံချဲ့ကားထားတဲ့ မမှန်ကန်တဲ့သတင်းတွေကို ဂြိုဟ်တု ဖုန်းကိုအသုံးပြုကာ ပြည်ပကိုပေးပို့ပြီး ထောက်ပံ့ငွေတွေ ရယူနေကြတာ ဖြစ်ပါ တယ်။ ထို့အပြင် BBC နဲ့ တွေ့ဆုံ မေးမြန်းခန်းပြုလုပ်ပြီး ပုံကြီးချဲ့ထားတဲ့ သတင်းတွေကို အကြိမ်ကြိမ်ပေးပို့ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အလားတူ အခြားမြို့ခံ အမာခံအချို့ထံမှလည်း ဂြိုဟ်တုဖုန်းသုံးလုံး သိမ်းဆည်းရမိခဲ့ ပါတယ်။ ၎င်းဂြိုဟ်တုဖုန်းတွေနဲ့ မဲဆောက်ကို အပြန်အလှန်ဆက်သွယ် သတင်းပေးပို့ခဲ့ကြပါတယ်။ NDD သိန်းဝင်းဟာ ပြည်တွင်းအမာခံတွေ ဆီက ရယူထားတဲ့ သတင်းအချက် အလက်တွေကို ILO FTUB စတဲ့ အဖွဲ့တွေဆီပေးပို့ပြီး ထောက်ပံ့ကြေးတွေ ရယူခဲ့ပါတယ်။ သိန်းဝင်းဟာ FTUB က ပြည်သစ်ညွန့်ဝေရဲ့ အထောက်အပံ့ကို အဓိကအားယူပြီး အဖျက်လုပ်ငန်းတွေ ပိုမိုလုပ်ဆောင် လာနိုင်ပါတယ်။ ပြည်တွင်းအမာခံတွေကို တိုးချဲ့ စည်းရုံးပြီး ငွေကြေးထောက်ပံ့နိုင်တာကြောင့် ပြည်တွင်းမှာ အမာခံတွေ ဖြန့်ကြက် ထားနိုင်ခဲ့ပါတယ်။
ဆက်စပ်ဖြစ်ပေါ်လာ
NDD က သိန်းဝင်းနဲ့ ၎င်းရဲ့ဆရာ FTUB က ပြည်သစ်ညွန့်ဝေတို့ မြန်မာ ပြည်ဖျက် စီမံကိန်းတွေဟာ အမြောက် အမြားပါပဲ။ ပြည်သစ်ညွန့်ဝေဟာ NCGUB ကဒေါက်တာစိန်ဝင်းနဲ့ ၁၉၉၇ ခုနှစ်ဝန်းကျင်မှာ နှစ်ကိုယ့်တစ်စိတ် လုပ်ကြံခဲ့တဲ့ အစီအစဉ်တွေ မအောင်မြင်တာကို လက်မလျှော့ဘဲနဲ့ နောက်ပိုင်းတစ်လျှောက်လုံး အဖျက်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တာ တစ်ပုံတစ်ပင်ပါပဲ။ နောက်ဆက်တွဲအနေနဲ့ ရန်ကုန်မြို့ သုံးနေရာမှာ တစ်ချိန်တည်း တစ်ပြိုင် တည်း အချိန်ကိုက်ဖောက်ခွဲခဲ့တဲ့ အဖြစ် ဆိုးကြီးဟာ ၎င်းတို့လက်ချက်တွေ ဖြစ်ပါတယ်။ မြန်မာပြည်ဖျက်စီမံကိန်းတွေ အဲဒီအချိန်က လုပ်ဆောင်ခဲ့တာတွေဟာ ယနေ့ကာလ ဖြစ်ပျက်နေတာတွေနဲ့ သဘောတရား အတူတူဖြစ်သလို ဆက်စပ်ဖြစ်ပေါ်လာတာတွေအများကြီး ပါပါတယ်။
ယနေ့ ဗုံးခွဲတိုက်ခိုက် ဖျက်ဆီးမှု ဖြစ်စဉ်တွေနဲ့ အတိတ်ကဖြစ်စဉ်တွေဟာ တိုင်းပြည်ပျက်စီးအောင် ပြည်တွင်း/ ပြည်ပ ချိတ်ဆက်လုပ်ဆောင်ခဲ့ကြတာတွေ ဘယ်လိုပုံစံအမျိုးမျိုးတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ ထူးမခြားနား မီးစာကုန် ဆီခန်းနေပြီဖြစ်တဲ့ မထူးဇာတ်လမ်းတွေရဲ့ နိဂုံးအဆုံးသတ်ကို တစ်နေ့တော့ ရောက်လာမှာ ဖြစ်ပါတယ်။ ။
မောင်သောမန