စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး နှင့် အဖွဲ့သည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျွန်းဖိုပင်၊ ကမ်းနီ၊ ဆုံတား ၊အိုးဖို နှင့် မြေဇွန်း ကျေးရွာများသို့ သွားရောက်၍ နှမ်းစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ရေချွေတာသုံးစွဲရေးနှင့် စိုက်ပျိုးရေစီမံခန့်ခွဲခြင်း ဆိုင်ရာနည်းစနစ်များ လိုက်နာကျင့်သုံးရန်လိုအပ် ချက်များ၊ သဘာဝမြေဩဇာများ နှင့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲကြရန် လိုအပ်ချက်များ၊ ပေါင်းမြက်နှိမ်နင်းရာတွင် ပေါင်းသတ်ဆေးအသုံးပြုခြင်းအား လျော့ချသုံးစွဲကြရန် လိုအပ်ချက်များကို ပညာပေးဆွေးနွေးသည်။