ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ယနေ့ နံနက်ပိုင်းအချိန်က ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ မင်းလမ်းကူး ကျေးရွာအုပ်စု၊ ရှမ်းမင်းလမ်းကူး ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။