Skip to main content

သရက်ချောင်းမြို့နယ်၌ သဘာဝဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က သရက်ချောင်းမြို့နယ်အတွင်းရှိ သဘာဝဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (အစည်းအဝေး)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ် ကမြိုင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော Computer ၊ Printer နှင့် မီးစက်(၁)စုံပေးအပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထောက်ပံ့ပေးသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကမြိုင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော Computer ၊ Printer နှင့် မီးစက် (၁) စုံကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မေတ္တာမြို့၊(အထက) ဟိန္ဒားကျောင်းတွင် Auto-converted ကွန်ပျူတာ၊ ပရင်တာနှင့် မီးစက်တစ်စုံ ထောက်ပံ့ခြင်းအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားကျေးရွာရှိ (အထက)ဟိန္ဒားကျောင်း၊ ခန်းမ‌ဆောင်၌ ယမန်နေ့ နံနက် ၁၀ အချိန်ခွဲခန့်က Auto-converted ကွန်ပျူတာ၊ ပရင်တာနှင့်မီးစက်တစ်စုံထောက်ပံ့ခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးနှင့် ဌာနဆိုင်ရာများက ဇရပ်ဆိပ်ကျေးရွာနေ ပြည်သူများအား Social Distancing နှင့်အညီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယမန်နေ့ နေ့လယ် (၂) နာရီက ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဒေသခံပြည်သူများအား Social Distancing နှင့်အညီ တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနား ပုလောမြို့၌ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီက ပုလောမြို့၊ မကျည်းကုန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာနှစ်ရွာအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်း၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတွင်ပါဝင်သည့် မဇေကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာနှင့် တညက်ကျေးရွာအုပ်စု၊ ကသာရိုင်ကျေးရွာတို့အား ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲကို သြဂုတ် ၁၁ ရက်နေ့က အဆိုပါ ကျေးရွာနှစ်ရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီ