Skip to main content

ငြိမ်းချမ်းသာယာအေးချမ်းဖို့ ပြည်ထောင်စုစိတ်ဓာတ်မွေးကြစို့

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် များစွာအရေးပါသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ တိုင်းရင်းသားညီအစ်ကိုများ အကြား၊ တောင်တန်းနှင့် ပြည်မအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် နယ်ချဲ့တို့ကို တိုင်းပြည်အတွင်းမှ မောင်းထုတ် နိုင်ခဲ့သည်။ နယ်ချဲ့တို့သည် တိုင်းပြည်အတွင်းမှ ထွက်ခွာသွားရသော်လည်း တိုင်းရင်းသား ညီအစ်ကိုများအကြားတွင် သပ်လျှိုသွေးခွဲသည့် မျိုးစေ့ကို ချထားခဲ့သည်။ လက်ရှိအချိန်အထိ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်စွမ်း မရှိသေးပေ။ များစွာကြိုးပမ်းရဦးမည်ဖြစ်သည်။

ဒီမိုကရေစီနှင့် ရွေးကောက်ပွဲများ

ဒီမိုကရေစီစနစ်ကို ပြည်သူ့အုပ်ချုပ်ရေးစနစ်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဒီမိုကရေစီစနစ်တွင် အစိုးရကို ပြည်သူက ရွေးကောက်တင် မြှောက်ကြရသည်။ တစ်နည်းအားဖြင့် ပြည်သူ့ကိုယ်စား တိုင်းရေးပြည်မှုများကို စီမံခန့်ခွဲမည့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူများက ဆန္ဒမဲပေးရွေးချယ်ကြရ၏။ ထို့ကြောင့် ဒီမိုကရေစီစနစ်သို့ သွားမည်ဆိုလျှင် ရွေးကောက်ပွဲ လမ်းကြောင်းကို မလွဲမသွေဖြတ်သန်း ကြရမည်ဖြစ်သည်။

ငြိမ်းချမ်းသော ပြည်ထောင်စုဆီ

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်သော နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည် ဆောက်ထားသည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု နှလုံးသွင်းထားသင့်သည်။

လျှပ်စစ်ဓာတ်အားချွေတာဖို့ LED ကိုသုံးကြစို့

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရေး ဓာတ်အားပေးစက်ရုံများအား အဆင့်မြှင့်တင်ပြု ပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းများ၊ မဟာဓာတ်အားခွဲရုံအသစ်များ တိုးချဲ့တည်ဆောက်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ခွဲရုံများအား အသစ်တိုးချဲ့တည်ဆောက်ခြင်း တို့ကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

အလုပ်သမားများအား ကူညီကယ်တင်ထောက်ပံ့လျက်ရှိသော လူမှုဖူလုံရေးအဖွဲ့ (သို့မဟုတ်) မဏိမေခလာနတ်သမီး

မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၁၉၅၆ ခုနှစ်မှစတင်၍ နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဖွဲ့စည်းထားသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဖြင့် လူမှုဖူလုံရေးစီမံကိန်းလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဖူလုံရေးစီမံကိန်းသည် အာမခံအလုပ်သမားများ၏ မကျန်းမာမှု၊ မီးဖွားမှု၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုတို့ကြောင့် လုပ်ခဝင်ငွေ လျော့နည်း ခြင်း၊ ရပ်စဲခြင်းများ ဖြစ်ပေါ်သည့်အခါ အလုပ်သမားနှင့် ၎င်းအပေါ်မှီခိုနေသော မိသားစုဝင်တို့၏ စီးပွားရေး၊ လူမှုဒုက္ခများခံစားရခြင်းမှ ကာကွယ်ပေးရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရ တာဝန်ယူမှု ဆယ်လမြောက်၏ မှတ်တိုင်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ဆယ်လပြည့် မြောက်ခဲ့ပြီဖြစ်သည်။ ဆယ်လတာအတွင်း အစိုးရနှင့်ပြည်သူများသည် ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်၊ ကိုယ်ကျိုးရှာပြည်ဖျက်လိုသည့် အကြမ်းဖက်သမားများ၏အန္တရာယ်တို့ကို ကြံ့ကြံ့ခံ၍ နှိမ်နင်းကျော်ဖြတ်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို တိတိကျကျလိုက်ခြင်းဖြင့် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ပေါင်းစပ်ကာ ရည်မှန်းရာပန်းတိုင်ဆီသို့ ချီတက်လျက်ရှိရာ နိုဝင်ဘာလအတွင်း ဆောင်ရွက်ချက်များအနက် သတင်းအချက်အလက်အချို့ကို ကောက်နုတ်တင်ပြလိုက်ရပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် အချိုးကျ ကိုယ်စားပြုစနစ်

မြန်မာနိုင်ငံတွင် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု စနစ် Proportional Representation System (PRs)ဖြင့် ဆောင်ရွက်ရန် တောင်းဆိုလာကြ သည်။ လွှတ်တော်သုံးရပ်စလုံးတွင် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed List-PR)ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီအများစုက အဆိုပြုတင်ပြခဲ့ကြသည်။

အခွံသင်တတ်မှ မျှတလှပမည်

ကျွန်တော်သည် ပင်စင်စားတစ်ယောက်သာ ဖြစ်ပါသည်။ ပင်စင်စားမို့ ကျွန်တော့်တွင် အလွန်ကြီးလေးသော တာဝန်မရှိပါ။ မိသားစုအတွက် ထမင်းတစ်အိုး ငဲ့ချက်သည့်တာဝန်နှင့် ကြက်သွန်အဖြူ၊ ကြက်သွန်အနီ “အခွံသင်”သည့် တာဝန်ထမ်းဆောင်ခြင်းသည်သာ ကျွန်တော့်အတွက် မဟာဝန်ဆောင်မှုဖြစ်သည်။

အိုမီခရွန်တဲ့

သမားအိုတစ်ယောက်အတွက် အနာမျိုး ကိုးဆယ့်ခြောက်ပါးဆိုတာက မဆန်းပါဘူး။ ဒါပေမယ့် တစ်သက်နဲ့တစ်ကိုယ် အခုကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ဆိုးကြီးကိုတော့ အားငယ်စွာနဲ့ ရင်ဆိုင်နေရတာ အမှန်ပါပဲ။

မင်္ဂလာပါ ၂၀၂၂

၂၀၂၁ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂ခုနှစ် နှစ်သစ်သို့ကူးပြောင်း ပေတော့မည်။ ကုန်လွန်ခဲ့သော ၂၀၂၀၊ ၂၀၂၁ ခုနှစ် ထိုနှစ်နှစ်ကတော့ စိတ်မချမ်းမြေ့ဖွယ်ရာများသာ ပြည့်နှက်နေခဲ့သည်။ ၂၀၁၉ကုန်ဆုံး၍ ၂၀၂၀ နှစ်သစ်ကူးကာလတွင် ကမ္ဘာသူ ကမ္ဘာသားအားလုံးသည် Happy New Year ဟူ၍ ၂၀၂၀ နှစ်သစ်ကို ပျော်ရွှင်စရာနှစ်သစ်အဖြစ် ကြိုဆိုခဲ့ကြပါသည်။
Subscribe to ဆောင်းပါး