Skip to main content

ပတ်ဝန်းကျင်ကောင်းတစ်ခုကို ကိုယ်တိုင်တည်ဆောက်ရယူပါ

လူဟူ၍ဖြစ်လာပါက ပတ်ဝန်းကျင်နှင့်ကင်းကွာပြီး နေထိုင်ချင်၍မရပေ။ လူသားအားလုံးသည် လူ့ပတ်ဝန်းကျင်ထဲတွင် မွေးဖွားလာရပြီး လူ့ပတ်ဝန်းကျင်ထဲတွင် ကြီးပြင်းကြရသည်မှာ သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုနှင့်ပုံသွင်းမှုတို့ကို အနည်းနှင့်အများဆိုသလိုခံကြရပါသည်။ အထူးသဖြင့်လန်းဆန်းပြီး ငယ်ရွယ်နုပျိုသောလူငယ်တို့သည် ပတ်ဝန်းကျင်အပေါ်တွင် စိတ်ဝင်တစားနှင့် စူးစမ်းလေ့လာကြသည်မှာလည်း သဘာဝပင်ဖြစ်သည်။

အဘိဓမ္မာကျေးဇူးဆပ်တရားဖြင့် နေ့စဉ်သီတင်းကျွတ်စေချင်ပါသည်

ကျေးဇူးရှင်မြတ်စွာဘုရားသည် ခုနစ်ဝါမြောက်တွင် မယ်တော်မာယာဖြစ်ခဲ့ဖူးသည့် သုတိသာနတ်ပြည်ရှိ သန္တုဿိတ နတ်သားကို ကျေးဇူးဆပ်သည့်အနေဖြင့် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာတရားတော်ကြီးကို ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ထူးမြတ်သာလွန်သော ဤတရားတော်ကြီးသည် ကျေးဇူးဆပ်တရားတော်အဖြစ် ထူးခြားခဲ့သလို ကုသိုလ်တရား၊ သစ္စာတရား အားဖြင့်လည်း ကျယ်ဝန်းနက်နဲလှသည့် တရားဖြစ်သည်ဟု ဆိုကြပါသည်။

ခေတ်မီပြောင်းလဲတိုးတက်လာတော့မည့် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍ

ယခုအခါတွင် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍကို တိုးတက်ပြောင်းလဲစေရန် နိုင်ငံတကာနှင့်အမီ ရင်ပေါင်တန်းနိုင်ရေးအတွက် လျှပ်စစ်ကား (EV-Electric Vehicle) များထုတ်လုပ်ရန် လမ်းညွှန်မှုတစ်ရပ်ကို နိုင်ငံတော်အကြီးအကဲ ဝန်ကြီးချုပ်က အမြော်အမြင်ကြီးမားစွာ ချမှတ်ခဲ့ပါသည်။ အဆိုပါ လမ်းညွှန်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် လုပ်ငန်းရှင်များ (လုပ်ငန်းရှင်ဆိုရာ၌ ပြည်တွင်း၊ ပြည်ပမှလုပ်ငန်းရှင်များကို ဆိုလိုပါသည်)။

ပဟေဠိသဖွယ်ရှိနေသည့် သမိုင်းထဲက ဂျီနိုဆိုက်ပုစ္ဆာ

မြန်မာသမိုင်းမှာ ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့လူမျိုး၊ ဘယ်တုန်းကမှအသိအမှတ်မပြုခဲ့တဲ့ အသုံးအနှုန်းကိုမှ လူမျိုးလိမ်အမည်တပ်ပြီး မြန်မာပြည်တွင်းရေးကို အမေရိကန်တို့ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ကြပြန်လေပြီ။ ထောင်ပေါင်းများစွာသော အပြစ်မဲ့ပြည်သူတွေကို လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ရာမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပါ၀င်ပတ်သက်ခဲ့ကြသူတွေကို အရေးယူရတဲ့ အကြမ်းဖက်နှိမ်နင်းရေးအမျိုးမျိုးကို အထောက်အထားမဲ့ဝေဖန်နေတဲ့ ကမ္ဘာ့ငပွကြီးရဲ့ မရိုးနိုင်တဲ့ အကြမ်းဖက်အားပေးပုံစံတစ်မျိုးလို့ပဲ ဆိုရပါလိမ့်မယ်။

လူနဲ့လူ

ကိုဗစ်-၁၉ ကပ်ရောဂါကြီးဟာ ၂၀၁၉ ခုနှစ်အကုန်မှာစခဲ့တာ။ ၂၀၂၂ ခုနှစ်ကုန်ရင် သုံးနှစ်ပြည့်ပါတော့မယ်။ သမားအိုအနေနဲ့ ကပ်ရောဂါကြားထဲမှာ ရှင်သန်ခွင့်ရခဲ့တဲ့ သုံးနှစ်တာအတွင်းမှာ လေ့လာသုံးသပ်မိသမျှကို စာချစ်သူတို့ထံ ရသမျှသတင်းစကားတွေ ဖြန့်ဝေဖြစ်ခဲ့ပါတယ်။ အဲဒီအထဲကအနှစ်ချုပ်ပြီး သုံးသပ်ကြည့်ရင် ကဏ္ဍလေးရပ်ကိုတွေ့မိပါတယ်။ ရောဂါပိုးနဲ့လူ၊ လူနဲ့ရောဂါပိုး၊ ရောဂါပိုးအချင်းချင်း ဆက်နွှယ်မှုအပြင် လူ - လူချင်း ကပ်ရောဂါအတွင်းဖြစ်ပေါ်နေတဲ့ ဆက်ဆံရေးကိုသုံးသပ်မိပါတယ်။

သံတမန်စကား၏ နောက်ကွယ်မှ ရည်ရွယ်ချက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer သည် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အထူးကိုယ်စားလှယ်သည် ယင်းသို့တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် ၎င်းဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သတင်းထုတ်ပြန်ချက်အဖြစ် ဩဂုတ် လ ၁၇ ရက်နေ့က ကုလသမဂ္ဂ၊ မြန်မာအင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။

မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့၏ နိုင်ငံ့ဂုဏ်ဆောင်အောင်ပွဲ

တပ်မတော်သားဆိုသည်မှာ ပြည်သူများမှမွေးဖွားလာသော ပြည်သူတို့၏သားသမီးများသာဖြစ်သည်။ သားသမီးတို့အောင်မြင်မှုကို မိဘတိုင်းကဝမ်းသာကြည်နူးကြသည်။ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ပထမဆုကို ထိုက်ထိုက်တန်တန်ရရှိဟူသော သတင်းတစ်ရပ်သည် ပြည်သူတို့၏ရင်ကို အေးမြဝမ်းသာစေခဲ့သည်။ ထို့အတူ တပ်မတော်သားအားလုံးတို့ဝမ်းသာကြသည်၊ တပ်မတော်သားဆိုသည်မှာ တစ်စိတ်တည်းတစ်ဝမ်းတည်း ညီညီညွတ်ညွတ်နေထိုင်ကြရသူများဖြစ်သည့်အတွက် ဝမ်းသာစရာရှိလျှင်လည်းအတူတူ ဝမ်းသာကြသည်။ ဝမ်းနည်းစရာရှိလာလျှင်လည်း အတူတူဝမ်းနည်းကြသည်။ တင့်တပ်ဖွဲ့၏ ပထမဆုရရှိသည့်သတင်းမှာ ရာနှုန်းပြည့်ဝမ်းသာဖွယ် သတင်းကောင်းဖြစ်ပေသည်။

ရေကြီးချိန်နှင့် ရေပြန်ကျချိန်တို့တွင် တွေ့ကြုံနိုင်သည့် ဓာတ်လိုက်မှုများ

လွန်ခဲ့သော၂၀၁၉ခုနှစ် သြဂုတ်လတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ထူးထူးကဲကဲမိုးသည်းထန်ခြင်း၊ မြစ်ရေများရုတ်တရက်ကြီးခြင်း၊ တောင်ကျရေများဒလဟော စီးဆင်းခြင်းတို့ကြောင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းတို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်ကာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားခဲ့သည့်အပြင် လူပေါင်း ၆၈ ဦးသေဆုံး၍ စာသင်ကျောင်းပေါင်း ၇၀ ကျော် ခေတ္တပိတ်ခဲ့ရသည်။ သေဆုံးသူများထဲတွင် ကျောင်းသား ကျောင်းသူ ၁၆ ဦးပါရှိပြီး ၂၈ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဖတ်ရှုမှတ်သားခဲ့ရပါသည်။

ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အရေးကြီးသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။

တဲကြီးကုန်း၊ မဲဒီး၊ ဘစ်အမ်မှသည် ဖောင်းလောင်ဆီသို့

ဒီတစ်ပတ် ရုံးပိတ်ရက် ကျွန်တော်ခရီးဝေးမသွားဖြစ်ပါ။ လိုအပ်ကအလုပ်လုပ်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ပါသည်။ ကျွန်တော့်ပင်ကိုစိတ်က ခရီးမသွားရမနေနိုင်ပါ။ ရုံးဖွင့်ရက်တွင်နံနက် ၈ နာရီခွဲလောက်အိမ်ကထွက်ပြီး ရုံးတစ်နေကုန်တက်ပါသည်။ ပုံမှန်အားဖြင့် ည ၇ နာရီလောက်မှ အိမ်ပြန်လေ့ရှိသဖြင့် တစ်နေ့လုံးလုံး၊ တစ်ပတ်လုံးလုံးရုံးတွင် သာရှိနေသည့်ကျွန်တော်။ တစ်ပတ်တစ်ကြိမ်တော့ ခရီးထွက်ပြီး တောရိပ်တောင်ရိပ်ကြည့်လိုပါသည်။ လယ်ကွင်းစိမ်းစိမ်းမှ ဖြတ်သန်းတိုက်ခတ်လာသည့် လေကောင်းလေသန့်တွေကို ရင်ဘတ်ကြီးအပြည့် တစ်ဝကြီးရှူလိုပါသည်။ ပြီးတော့ပွင့်လင်းရိုးသားသည့် တောအရပ်မှလယ်သမားကြီးများ၊ သူတို့၏တဲ့တိုးပြောတတ်သည့် စကားများ ကျွန်တော်ကြားချင်ပါသည်။ သူတို့၏စကားသံတွေက ကျွန်တော်ဘာလုပ်ရမည်ကို ညွှန်ကြားနေသည် မဟုတ်ပါလား။
Subscribe to ဆောင်းပါး