Skip to main content

မိုးကြိုကာလ မိုးကြိုးအန္တရာယ်ကာကွယ်ရန် နည်းလမ်းကောင်းများ

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က မိုးကြိုးပစ်မှုများကြောင့် နှစ်နာရီအတွင်း လူကိုးဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူအများစုမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြသည့် ကျေးလက်ပြည်သူများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း မိုးကြိုးပစ်မှုကြောင့် နှစ်စဉ် လူနှင့် ကျွဲ၊ နွား သေဆုံးမှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းလည်း သေဆုံးမှုများရှိခဲ့သည်။

ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ . . .

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ မေ ၂၃ ရက်မှ ၃၁ ရက်အတွင်း ကျောင်းအမြန်အပ်နှံစို့” ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျွန်တော်၏လက်ကိုင်ဖုန်းထဲသို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကပေးပို့သော အထက်ပါမက်စ်ဆေ့ နှိုးဆော်လွှာလေးတစ်ခုရောက်ရှိလာသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စတင်တော့မည်။ ယခုပညာသင်နှစ်တွင် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်ကုန်ဆုံး၍ ၁၃၈၅ ခုနှစ်သို့ရောက်ရှိပါပြီ။ မြန်မာနှစ်ဆန်း ၁ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကား ပြောကြားခဲ့သည်။ မင်္ဂလာစကားသည် ၁၃ မိနစ်ခန့်သာကြာမြင့်သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြည်သူအပေါ်သဘောထား၊  စေတနာ၊ ရှေ့သို့လှမ်းချီသည့်အခါ ဂရုပြုရမည့်အချက်များကိုပြည့်ပြည့်စုံစုံ ပြောကြားခဲ့သည်။ နားထောင်ရသည့် ပြည်သူတစ်ဦးအတွက် အတွေးများစွာရရှိခဲ့သည်။

မီးဘေးနှင့် သဘာဝဘေးကာကွယ်ရေးတွင် စွမ်းရည်ပြည့်ဝနှလုံးလှသည့် စွန့်စားဆောင်ရွက် မီးသတ်တပ်ဖွဲ့

မီးသတ်တပ်ဖွဲ့အား စနစ်တကျဖွဲ့စည်း၍ ပြည်သူ့အကျိုးကို ၁၉၄၆ ခုနှစ်မှ စတင်ထမ်းဆောင်လာခဲ့သည်မှာ ၂၀၂၃ ခုနှစ် မေ ၅ ရက်တွင် (၇၇)နှစ် ပြည့်မြောက်ပြီဖြစ်သည်။

ရေကြည်ကိုရှာ နွေအခါ သတိထားစရာများ

ကျွန်ုပ်တို့ သက်ရှိလောကကြီးတွင် “ရေ”သည် မရှိမဖြစ်ပင် အရေးကြီးကြောင်းစာဖွဲ့ရန်ပင်လိုမည်မထင် အားလုံးအသိပင်ဖြစ်၏။ အနှီရေတစ်ပေါက်အတွက် အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ကြသလို အသက်ပေါင်းမြောက်မြားစွာကို ရှင်သန်ခဲ့ကြရသည့် သာဓကများလည်း အများအပြားပင်ရှိနေတော့သည်။ ထို့အတွက်ကြောင့် လူတိုင်းရေကို လုံလုံလောက်လောက်ရရှိလိုကြသည်။ ဤတွင် “ရေကြည်ရာ မြက်နုရာ”ဆိုရိုးအတိုင်း ရေအရင်းအမြစ်ရှိရာ မြစ်ချောင်းများကို တည်မှီလျက်မြို့ပြများ တည်ဆောက်နေထိုင်ခဲ့ကြသည် မဟုတ်ပါလော။

သတိပြုရမည့် လျှပ်စစ်ဓာတ်အားတပ်ဆင်သုံးစွဲမှုများ

မြန်မာ့ရိုးရာမဟာသင်္ကြန်ရက်များအတွင်း မြန်မာပြည်သူပြည်သားများ ပျော်ရွှင်စွာရေကစားနိုင်ကြရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့၌ မြို့နယ်အလိုက်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးစင်မြင့်များ ဆောက်လုပ်လျက်ရှိရာ သင်္ကြန်မဏ္ဍပ်များတွင် ဖြစ်ပေါ်နိုင်သော “လျှပ်စစ်အန္တရာယ်’’ ကြိုတင်ကာကွယ်ရေးအတွက် “လျှပ်စစ်အသိ၊ လျှပ်စစ်သတိ” ရှိကြစေလိုသည်။

သံသရာခရီးသည်များအနေဖြင့် မသေချာမှုများကြားမှ သေချာသည်ထက် သေချာအောင်.....

လူ့ဘဝဟာ ရခဲစွာမို့ ဘဝတိုတို ထိုထိုအမှုတွေကြား အချိန်ရှိခိုက်လုံ့လစိုက်ပြီး သတိတရားရလိုငြား၍ ဘာဝနာဘက်အာရုံစိုက်ကာ တစ်ဖန်လှည့် ဖြစ်ခဲ့ကြပြန်ပေပြီ။ ကောင်း‌သောအလုပ်မို့ ကိုယ်နှင့် ဆန္ဒတူလုပ်ဖော်ကိုင်ဖက်တချို့ အပါခေါ်ကာတာဝန်တစ်ခုနှယ် ထမ်းရွက်ခဲ့ကြပြန်သည်။ တာဝန်ဆိုသည်မှာ သာသနာ့တာဝန်၊ မိမိတန်ဖိုးထားသည့် ဘာသာသာသနာ ဆုတ်ယုတ်မသွား တိုးတက်ပွားများအောင် သာသနာ့အနွယ်မှာ ဆံကိုပယ်၍ သင်္ကန်းဝတ်ကာ ရခဲလှသည့်ဒုလ္လဘဘဝ၊ သီလရှင်ဘဝ၊ ယောဂီဘဝများခံယူပြီး သာသနာ့ဝန်ကို တစ်ပိုင်တစ်နိုင် ထမ်းရွက်ကြသည့်သဘော၊ အုတ်တစ်ချပ်သဲတစ်ပွင့်ပါဝင်ကြသည့်သဘောမျှသာ...။

နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားသည့်အခါ အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း လျှောက်လွှာတွင်ဖော်ပြရပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည် -

နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ

နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ်အပေါ်တွင်အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသော အဖွဲ့အစည်းဖြစ်သည်။
Subscribe to ဆောင်းပါး