ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး နည်းလမ်းကောင်းများ
ယနေ့ကာလတွင် ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်မှ အနက်ရှိုင်းဆုံး သမုဒ္ဒရာများအထိရှိနေကြသည်။ ပလတ်စတစ်အမှုန်များသည် ပင်လယ်သမုဒ္ဒရာ အစိတ်အပိုင်းအားလုံးသို့ စိမ့်ဝင်နေပြီဖြစ်ရာ အသေးငယ်ဆုံးရေသတ္တဝါများမှသည် ဝေလငါးများအထိ ရေသတ္တဝါအားလုံးတွင် တွေ့ရသည်။ စစ်တမ်းများအရ သမုဒ္ဒရာများထဲတွင် မိုက်ခရို ပလတ်စတစ်အပိုင်းအစ ၅ ဒသမ ၂၅ ထရီလီယံရှိပြီး သမုဒ္ဒရာ၏ စတုရန်းမိုင်တိုင်းတွင် တန်ချိန် ၂၆၉၀၀ အထိရှိသော အပိုင်းအစ ၄၆၀၀၀ ခန့် ရှိနေသည်။ ပလတ်စတစ်အပိုင်းအစ ရှစ်သန်းခန့်သည် သမုဒ္ဒရာများအတွင်းသို့ နေ့စဉ်ရောက်ရှိနေသည်။ ပင်လယ်သမုဒ္ဒရာ ဇီဝမျိုးစုံမျိုးကွဲနှင့် ရေပြင်ရှိ ဂေဟစနစ်များတွင်ဖြစ်ပေါ်နေသော ပလတ်စတစ်ညစ်ညမ်းမှု၏ ၆၀ ရာခိုင်နှုန်းသည် တစ်ခါသုံးပလတ်စတစ်များကြောင့် ဖြစ်သည်။
