Skip to main content

တက္ကသိုလ်ကျောင်းသား- ပြည်သူ့စစ်သား

နိုင်ငံ၏ ပိုင်နက်နယ်နိမိတ်၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတိုင်းတွင် အင်အားတောင့်တင်းခိုင်မာ၍ ခေတ်မီသော တပ်မတော်တစ်ရပ် ရှိရန်လိုသည်။ မိမိတို့နိုင်ငံ၏ သမိုင်းတွင် နယ်ချဲ့တို့၏ ကျူးကျော်စစ်ကို သုံးကြိမ်တိုင်တိုင် အရေးနိမ့်ခဲ့ရပြီး တစ်မျိုးသားလုံး သူ့ကျွန်ဘဝရောက်ခဲ့ရခြင်းမှာ ခေတ်မီ၍ တောင့်တင်းခိုင်မာသော ကာကွယ်ရေးအင်အားမရှိခဲ့ခြင်းကြောင့်ဟူသည့် သမိုင်းသင်ခန်းစာကို ရရှိခဲ့ပြီးလည်းဖြစ်သည်။ သို့ဖြစ်၍ လွတ်လပ်သည့်နိုင်ငံဘဝသို့ ရောက်ရှိလာသည့်အခါ နိုင်ငံ၏တစ်ခုတည်းသော တပ်မတော်ကို ခေတ်မီရေးနှင့် အင်အားတောင့်တင်းခိုင်မာရေးတို့အတွက် ခေတ်အဆက်ဆက်တွင် မိမိတို့ပိုင်ဆိုင်သည့် အရင်းအမြစ်များဖြင့် တတ်စွမ်းနိုင်သမျှ တစိုက်မတ်မတ် တည်ဆောက်ခဲ့ကြသည်။

MSME နှင့် ခရီးသွားလုပ်ငန်း

ယနေ့ကာလတွင် နိုင်ငံတော်က MSME ဟုခေါ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ ထုတ်ကုန်များကို အထူးအားပေးလျက်ရှိသည်။

အနာဂတ်သို့ ခြေလှမ်းများ

ဇလဗေဒဆိုသည်မှာ မိုးလေဝသနှင့်ရာသီဥတုတို့ကို ကြိုတင်ခန့်မှန်းနိုင်ရန်လေ့လာခြင်း၊ တွက်ချက်ခြင်းတို့ပြုလုပ်ရသော ဘာသာရပ်ဖြစ်သည်။ သူကိုယ်တိုင်လည်း ဇလဗေဒ၏အဓိပ္ပာယ်ကို  အလုပ်မဝင်ခင်အထိဘာမှန်းမသိခဲ့။ ကျောင်းတွင်လည်း မသင်ခဲ့ရ၊ ပြင်ပ၌လည်း မကြားစဖူး၊ လုပ်ငန်းခွင်ကျမှ သေသေချာချာ သိနားလည်လာရခြင်းဖြစ်၏။

အွန်လိုင်းအန္တရာယ် တို့ကာကွယ်

မြန်မာနိုင်ငံ၌ လက်ရှိအခြေအနေတွင် လူကုန်ကူးမှုပုံစံအသစ် Job Scam (အလုပ်အကိုင်အခွင့်အလမ်းဖြင့် ဆွဲဆောင်လိမ်လည်ခြင်း) နည်းလမ်းဖြင့် ပစ်မှတ်ရှာဖွေကြသည်ကို တွေ့ရသည်။ မသိနားမလည်သူ၊ အလုပ်အကိုင်ရှာဖွေနေသူများအနေဖြင့် ငွေကြေးမက်လုံးကြောင့် လူကုန်ကူးမှုခံနေကြရကြောင်း လက်တွေ့မျက်မြင်သိရှိရပါသည်။ အွန်လိုင်းပေါ်တွင် လိမ်လည်မှုများသည် Job Scam သာမက အခြားသောလိမ်လည်မှုများ၊ ခြိမ်းခြောက်ခံရမှု၊ လိမ်လည်ခံရမှုများစွာ ရှိနေသည်။

ဆောင်းရာသီနှင့် ဝမ်းချုပ်ခြင်း

မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီရှိသည့်အနက် တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ လေးလသည် ဆောင်းရာသီကာလဖြစ်ပါသည်။ အထူးသဖြင့် ချမ်းအေးသော ဆောင်းရာသီရောက်လျှင် အသက်အရွယ်ကြီးရင့်သူများ ဝမ်းချုပ်လေ့ရှိပြီး ပုံမှန်ဝမ်းသွားသူ သက်လတ်ပိုင်းတချို့လည်း ဝမ်းချုပ်လာတတ်ကြပါသည်။ တချို့သူများ၏ ဇီဝဖြစ်စဉ်က ပျမ်းမျှ နှစ်ရက်လျှင် တစ်ကြိမ်သာ ဝမ်းသွားလေ့ရှိပြီး ထို့ထက်ပို၍ အစာဟောင်းကို စွန့်မထုတ်နိုင်ခြင်းကို ဝမ်းချုပ်ခြင်းဟု ခေါ်ပါသည်။

ခေတ်စနစ်နှင့်အညီ တိုးတက်ခဲ့ပြီ နှစ် (၁၂၀) တိုင်ဆီ

၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ရော့ဒ်ဒေးမြို့ Toad Lond ၌ ရက်ကန်းသမား ၂၈ ဦးတို့က ရော့ဒ်ဒေးသမဝါယမကုန်စုံဆိုင် ဖွင့်လှစ်အောင်မြင်ခဲ့ခြင်းမှ အစပြု၍ သန္ဓေတည်ခဲ့သည့် ကမ္ဘာ့သမဝါယမလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၁၈၀ တိုင်ခဲ့ပြီဖြစ်ပါသည်။

ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ဖော်ရွေစွာ ပြောဆိုဆက်ဆံခြင်း၊ စာနာတတ်ခြင်းနှင့် ကရုဏာတရားထားရှိခြင်းတို့ဖြင့် ဆောင်ရွက်ပေးပါ

ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ဆောင်ရွက်နေရသော ဝန်ထမ်းများသည် ပြည်သူများအပေါ် ဖော်ရွေစွာပြောဆိုဆက်ဆံခြင်း၊ စာနာတတ်ခြင်းနှင့် ကရုဏာတရားထားရှိခြင်းတို့ဖြင့် ဆောင်ရွက်ခြင်းသည် သက်ဆိုင်ရာအဖွဲ့အစည်း၏ အရေးပါသော အဓိကမှတ်တိုင်ဖြစ်ပါသည်။ ယနေ့ခေတ် လူမှုပတ်ဝန်းကျင်တွင် တစ်ဦးပေါ်တစ်ဦး စာနာတတ်ခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်းတို့သည် အဓိကလိုအပ်လျက်ရှိပါသည်။

မှန်ကန်သည့် လူ့အခွင့်အရေးအခြေပြု ဆောင်ရွက်ချက်နည်းလမ်းများဖြင့် ငြိမ်းချမ်းသာယာသည့် အနာဂတ်ကို တည်ဆောက်နိုင်ကြပါစေ

လူသားအားလုံးအတွက် အခြေခံလူ့အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ ပါဝင်ထည့်သွင်းရေးဆွဲထားသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights-UDHR) ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်မှုရလဒ်ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး ရွေးကောက်ပွဲများကျင်းပခြင်းအားဖြင့် အာရှနှင့် ကမ္ဘာအတွက် ကောင်းမွန်စေနိုင်သော အကြောင်းတရားများ

၂၀၂၅ အသွင်ကူးပြောင်းရေး ရွေးကောက်ပွဲများကျင်းပရေးဖြစ်နိုင်ခြေက မြန်မာနိုင်ငံကို တည်ငြိမ်ပြီး သာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့ ပြောင်းလဲပေးမည့် အလားအလာကောင်းများ ဖြစ်သည်။

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်အားမာန်ဖြင့် အမျိုးသားအားကစားအဆင့်မြင့်မားရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်ငြိမ်အေးချမ်းလျက် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး ဦးတည်လျက် ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်အနက် နိုင်ငံသားအားလုံး သက်ရှည်ကျန်းမာစေရေးအတွက် လူမှုရေးဦးတည်ချက် ဒုတိယအချက်တွင် “တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသောအချက်ကို ထည့်သွင်းထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အဆိုပါဦးတည်ချက် အောင်မြင်ပေါက်မြောက်ရန်အလို့ငှာ အားကစားကဏ္ဍသည် ပဓာနကျကြောင်းဖော်ညွှန်းနေပေသည်။
Subscribe to ဆောင်းပါး