Skip to main content

သာယာပျော်ရွှင်ဖွယ် ဘဝခရီးလမ်း လျှောက်လှမ်းနိုင်ဖို့ဆိုရာဝယ်

မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာမှာပါ လူငယ်တော်တော်များများဟာ ပညာဆည်းပူးခဲ့ချိန်မှာကတည်းက ကိုယ်နဲ့အမှန်တကယ်ကိုက်ညီတဲ့ ဘာသာရပ်ကို ရွေးချယ်တက်ရောက်ခွင့်မရခဲ့တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီရဲ့အကျိုးဆက်ကြောင့် မိမိအသက်မွေးဝမ်းကျောင်းပြုနေရတဲ့အလုပ်မှာ အဆင်မပြေတာမျိုး ဖြစ်လာတတ်သလို အခြားသောအကြောင်းကိစ္စတွေကြောင့် လုပ်ငန်းခွင်မှာ မပျော်ပိုက်တော့တာမျိုးလည်း ဖြစ်လေ့ရှိတတ်ပါတယ်။

စွမ်းရည်ထက်မြက်ကာကွယ်လျက်ပေ တပ်မတော်(ရေ)

တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ တပ်မတော်(ရေ)သည်လည်း တပ်မတော်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တပ်မတော်ဟုဆိုရာ၌ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုကို ခေါ်ဆိုခြင်းဖြစ်သည်။ ကြည်း၊ ရေ၊ လေတပ်များသည် နိုင်ငံတော်အတွက် သုံးနားညီတြိဂံပမာ ညီညွတ်စုစည်းစွာရပ်တည်လျက်ရှိသည်။ တပ်မတော်တစ်ရပ်၏ စွမ်းအားဆိုသည်မှာ လူ၊ လက်နက်၊ နည်းပညာတို့စုံလင်စွာရှိပြီး အသုံးပြုနိုင်ခြင်းဖြစ်သည်။ ခေတ်မီတန်ဖိုးကြီးသော စစ်လက်နက်ပစ္စည်းများကို အသုံးပြုစေကာမူကျွမ်းကျင်ပိုင်နိုင်စွာ အသုံးမပြုတတ်ပါက အကျိုးရှိမည်မဟုတ်ပေ။

သတိပြုဆင်ခြင်ဖွယ် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်

ပလတ်စတစ်ညစ်ညမ်းမှု၏ အဓိကပြဿနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါးစသည့် အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းကြောင့်ဖြစ်သည်။ ထိုမျှသာမက ပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှဓာတ်များနှင့် ဓာတုဗေဒ တုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ ထွက်ရှိလာခြင်း၊ ရေထဲတွင် ရေနေသတ္တဝါများသေဆုံးကာ ဂေဟစနစ် ပျက်စီးခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှုကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် ပင်လယ်သမုဒ္ဒရာနေ သတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။

ရုပ်ကြွင်းလောင်စာများကို လျှော့ချနိုင်မည့် EV လျှပ်စစ်ကား

ကမ္ဘာ့ကားဈေးကွက်တွင် ဘက်ထရီသုံးလျှပ်စစ်ကားများကို ပိုမိုတောင်းဆိုလာရာ ကမ္ဘာ့ကားထုတ်လုပ်သည့်နိုင်ငံများက EV ဟု အတိုကောက်ခေါ်သည့် လျှပ်စစ်ကားများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပြီး အပြိုင်အဆိုင်ထုတ်လုပ်လာသောကြောင့် EV ကားဈေးကွက်မှာ တစ်ကမ္ဘာလုံးတွင် ကျယ်ပြန့်လာလျက်ရှိသည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအကြောင်း သိကောင်းစရာ

မိမိနားခိုမှေးစက်ရာ အိပ်ခန်းမှအစပြု၍ မိမိအိမ်ခြံဝင်း သန့်ရှင်းသာယာလှပရေးအတွက် ကြိုးစားဆောင်ရွက်ရမည်မှာ မိမိ၏တာဝန်ပင်ဖြစ်သည်။ ထို့အတူပင် မိမိမွေးဖွားရာ ဇာတိချက်ကြွေ မွေးရပ်မြေကအစပြု၍ မိမိနိုင်ငံအစဉ်သဖြင့် ထာဝရသာယာလှပစေရေး ကြိုးစားဆောင်ရွက်ပေးကြရမည်မှာလည်း မိမိတို့၏သမိုင်းပေးတာဝန်ပင်ဖြစ်သည်။ ထိုတာဝန်ကို ကျေပွန်စွာ ထမ်း‌ဆောင်နိုင်ရေးအတွက် ကြိုးစားရာတွင် လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို အကျည်းတန်အရုပ်ဆိုးစေကာ အမျိုးမျိုးသော ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေသည့်အရာများကို ပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်ဖြစ်သကဲ့သို့ ပြုလုပ်သူများကိုလည်း ရှာဖွေဖော်ထုတ်ရှင်းလင်းနိုင်ရေး ကြိုးစားသင့်ပေသည်။

မရယူနိုင်ခြင်းသည် ကွဲပြားသောအခင်းအကျင်းများဆီသာ ဦးတည်စေသည်

တစ်စစီပြိုကွဲပြီး အိုးမဲ့အိမ်မဲ့ ရှစ်သန်း၊ ပြည်ပဒုက္ခသည်အဖြစ် ခြောက်သန်းအထိ ရောက်ရှိသွားပြီဖြစ်တဲ့ ဆီးရီးယားနိုင်ငံကိုကြည့်ပြီး သင်ခန်းစာယူစရာတွေ သံဝေဂဖြစ်စရာတွေ များစွာရှိလိမ့်မယ်လို့ ယူဆပါတယ်။ သင်ခန်းစာယူတတ်ရင်ပေါ့။

(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး၍ “သုတေသနညီလာခံများ အစဉ်အလာမပျက် ကျင်းပခြင်းအားဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားလာစေရန်” နှင့် “သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချ မည့်ကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်” စသည့်ရည်ရွယ်ချက်များဖြင့် “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) တွင် ကျင်းပမည်ဖြစ်ပါသည်။ မြန်မာ့သုတေသီများ၏ ကျန်းမာရေးသုတေသနလုပ်ငန်းများမှ တွေ့ရှိချက်ရလဒ်များကို သုတေသနစာတမ်းများဖြင့် ဖတ်ကြားတင်သွင်းခြင်း၊ ပိုစတာများ ပြသခြင်းတို့ဖြင့် ညီလာခံကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့ အပိုင်း (၂)

၂၀၂၅ ခုနှစ်သည် စွမ်းအင်ဝန်ကြီးဌာန စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ် (၄၀) ပြည့် ပတ္တမြားရတုပြည့်မြောက်သည့် နှစ်တစ်နှစ်ဖြစ်သကဲ့သို့ အနာဂတ်စွမ်းအင်ကဏ္ဍအတွက် သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်မည့် နှစ်တစ်နှစ်ဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်သည် စွမ်းအင်ဝန်ကြီးဌာနအတွက် ထူးခြားသော နှစ်တစ်နှစ်ဖြစ်ပါသည်။

ပွင့်လင်းရာသီရောက်လာပြီ မီးဘေးအန္တရာယ် သတိပြုကာကွယ်

မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာမှုနှင့်အတူ မီးလောင်မှုများလည်း ဒေသအနှံ့အပြား၌ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။ မီးလောင်မှုအများစုသည် လျှပ်စစ်မီး၊ ပေါ့ဆမီးနှင့် မီးဖိုမီးများဖြစ်သော်လည်း စက်ရုံ၊ အလုပ်ရုံ မီးလောင်မှုများ၊ လောင်စာဆီတင်သင်္ဘော မီးလောင်မှုနှင့် မော်တော်ယာဉ်မီးလောင်မှုများလည်း ဖြစ်ပွားခဲ့သည်။ လူတိုင်း၏ လက်တစ်ကမ်းအကွာတွင်ရှိနေသော မီးဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ညွှန်ပြလျက်ရှိသည်။

ဆိုရှယ်မီဒီယာခေတ်တွင် အသုံးပြုသူတိုင်း သိသင့်သိထိုက်သည့် ကျင့်ဝတ်စည်းကမ်း

ဆိုရှယ်မီဒီယာခေတ်တွင် လူတိုင်းနီးပါးအွန်လိုင်းအသုံးပြုလာကြသည်။ နည်းပညာနှင့်ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ အွန်လိုင်းတွင် သတင်းအချက်အလက်များဖော်ပြခြင်း၊ ပေးပို့ခြင်း၊ ဖြန့်ချိခြင်းများ ပြုလုပ်လာကြသည်။
Subscribe to ဆောင်းပါး