Skip to main content

Oct 23, 2023

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်စာကြည့်တိုက်သို့ အိန္ဒိယတိုင်းရင်းဆေးဖက်ဝင်ပင်စာအုပ် ၆၅ အုပ်အပါအဝင် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းတို့နှင့်ပတ်သက်သော စာအုပ်ပေါင်း ၂၀၀ ခန့်အား လှူဒါန်းခဲ့ရာ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ အိန္ဒိယနိုင်ငံ သံအမတ်ကြီး  Mr. Vinay Kumar ၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် သဘာဝကပေးသော သစ်တောထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ဝါးလက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် ရှမ်းရိုးရာဝါးခ‌မောက်ထုတ်လုပ်နေမှုများနှင့်စပ်လျဉ်း၍ မိုးနဲမြို့နှင့် သုံးမိုင်ခန့်ကွာဝေးသော မိုက်ဟိုင်းကျေးရွာအုပ်စု နမ့်မော်လေကျေးရွာနေ ဦးဝိစိတ္တနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က တပ်ကုန်းဗဟိုသုတေသနခြံ၏ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း) ၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အသားတု ၁၃၅၀ ကီလိုဂရမ်၊  TVI Fish Dumbells ၃၅၀ ကီလိုဂရမ်၊ သရက်သီး ၄၀၀ ကီလိုဂရမ်၊ Slipper ဖိနပ် ၂၂၈ ရန်၊ Honda ဆိုင်ကယ်(Used) တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၇၃၆၈၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Ankai Express တစ်စီးနှင့် Golden Dragon Express တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၇၃၆၈၈၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ MSMEလုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများ ဒေသအသီးသီးတွင် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

မြန်မာ့ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ၊ အေဂျင်စီအဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် စက်မှုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်တောင်သူများတက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အထင်ကရနေရာများနှင့် မင်းဘူးရွှေစက်တော်ဘုရားသို့သွားသော လမ်းတစ်လျှောက်ကို ရွှေစက်တော်ဘုရားပွဲတော်အမီ ခရီးသွားမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက် ၁၀ နာရီက မဏိရတနာကျောက်စိမ်းခန်းမ အစည်းအဝေးခန်းတွင် ကျင်းပသည့် တရုတ် - မြန်မာ နှစ်နိုင်ငံ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖျင်ကျိုးလက်ဝတ်ရတနာနှင့် ကျောက်စိမ်းအသင်း၊ ရန်ရန်ဟို နိုင်ငံတကာလက်ဝတ်ရတနာကုမ္ပဏီလီမိတက်တို့က နေပြည်တော်ရှိ ရွှေကြာပင်ကျောက်မျက်နှင့် လက်ဝတ်ရတနာသက်မွေးမှုနည်းပညာသင်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်း ခြောက်မျိုး၊ အရေအတွက် ၆၈ ခု လှူဒါန်းမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် ကျောက်ဆည်မြို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဌာနများ၌ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပန်းတင်ကျေးရွာအုပ်စု ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (Shan State Buddish Univer-sity) သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု (အောက်စဖိုဒ့်) ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

၂၀၂၃ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ် တရားသူကြီးချုပ် The Hon. Tun Tengku Maimun binti Tuan Mat ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံဖက်ဒရယ်တရားရုံးချုပ်မှ ကြီးမှူး၍ အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် “အာဆီယံတရားသူကြီးချုပ်များ ကောင်စီ၏ ဆယ်နှစ်တာလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ် ရန်အတွက် ပြန်လည်သုံးသပ်သည့် အစည်းအဝေး (Council of ASEAN Chief Justices (CACJ) Retreat)” သို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပမည့် ၂၀၂၃ အာဆီယံ-တရုတ် မီဒီယာဖိုရမ်တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

ဘာသာတရားနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာများ ပိုင်ဆိုင်ထားသောကြောင့် နိုင်ငံအေးချမ်းသာယာဝပြောလျက်ရှိသည်။ ကောင်းမြတ်သည့် ဘာသာတရား၏ အဆုံးအမညွှန်ပြမှုများနှင့် အစဉ်အလာယဉ်ကျေးမှုတို့သည် တိုင်းရင်းသားလူမျိုး အစုအဖွဲ့အသီးသီးတွင် ကိုယ်စီရှိကြသည်။ အဆိုပါအစဉ်အလာကြောင့်ပင် တစ်ဦးနှင့်တစ်ဦး လေးစားခြင်း၊ ကိုင်းညွတ်ခြင်း၊ စည်းလုံးခြင်း၊ ပျော်ရွှင်ခြင်းတို့ ပြည့်လျှံနေသဖြင့် အေးချမ်းသာယာ ချမ်းမြေ့ပျော်ရွှင်မှုများ ပြည့်စုံသည့်နိုင်ငံဟု ဆိုနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

နယ်ချဲ့အင်္ဂလိပ်တို့က ၎င်းတို့၏ စစ်ရေး၊ နိုင်ငံ‌ရေး၊ စီးပွားရေး အကျိုးအမြတ်များ ရရှိရန်ရည်ရွယ်၍ ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ရန်ကုန်-ပြည်ရထားလမ်းကို ဖွင့်လှစ်ခဲ့ရာ ယင်းသည် မြန်မာ့ရထားပို့ဆောင်ရေးလုပ်ငန်း၏ သမိုင်းအစပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းထက် တစ်နှစ်သာ နောက်ကျသော မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည် အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံးလည်းဖြစ်သည်။ ယခု အခါ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၄၆ နှစ် ကျော်လာခဲ့ပြီဖြစ်သည့် မြန်မာ့မီးရထားလုပ်ငန်းကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်၍ နိုင်ငံနှင့်ပြည်သူအကျိုး ဆက်လက်သယ်ပိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

ရွှေညောင်- တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထား လမ်းပိုင်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ဘူတာရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်