Skip to main content

May 21, 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဓမ္မောဒယစာသင်တိုက်ရှိ သံဃာတော်များနှင့် အဆိုပါရပ်ကွက်ရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များ

ဆက်လက်ဖတ်ရှုရန်

May 21, 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ရော်ဘာသည် ပြည်တွင်းစက်မှုလုပ်ငန်းများသာမက ပြည်ပပို့ကုန်များအတွက် အရေးပါသော စက်မှုကုန်ကြမ်းဖြစ်သော်လည်း ရော်ဘာအစေးခြစ်ခြံအများစုမှာ မိုးများသောကာလများ၌ အစေးခြစ် ခြင်းများကို ရပ်နားထားရပြီး အစေးခြစ်ရက်ယူနိုင်သော ကာလလျော့နည်းသည့်အတွက် အထွက်နှုန်းလည်း သိသိသာသာလျော့နည်းလာသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စာဖတ်နှုန်းမြင့်တက်စေရန်ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထု အခြေပြုဗဟိုဌာန(စာကြည့်တိုက်)များသို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင်(အခမဲ့)ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၂၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဦးစီး၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ပုဇွန်တောင်မြို့နယ်)က ကြီးမှူးကျင်းပသော ဓမ္မသဘင်ပူဇော်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းတည်ရှိသောဇောတိကဓမ္မာရုံတော်ကြီး၌ မေ ၁၈ ရက် ညပိုင်းနှင့် မေ ၁၉ ရက် ညပိုင်းက ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပထမဦးဆုံးအကြိမ် ပူးပေါင်းဖွင့်လှစ်သော အဆင့်မြင့်ပညာဦးစီးဌာန အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်လျှောက်ထားသူ ပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားစိစစ် ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မိဘများ၏ အတ္တစွဲကြောင့် စာသင်ကျောင်းနှင့် ပိုမိုဝေးကွာခဲ့ရသော မြန်မာပြည်မှ အနာဂတ်လူငယ်များ” ခေါင်းစဉ်ဖြင့် မေ ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁/၂၀၂၄ (မန္တလေး) နှင့် ၂/၂၀၂၄ (ပဲခူး)၊ တရားမအထူးအယူခံမှုအမှတ် ၄၅/၂၀၂၃ (ရန်ကုန်)၊ ၄၆/၂၀၂၃ (မန္တလေး)၊ ၄၇/၂၀၂၃(မန္တလေး)၊ ၄၈/၂၀၂၃ (မန္တလေး) ၊ ၄၉/၂၀၂၃(ရှမ်း)၊ ၇/၂၀၂၄(ရန်ကုန်)နှင့် ၁၀/၂၀၂၄(ဧရာဝတီ)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု(၂)မှုနှင့် တရားမအထူးအယူခံမှု(၇)မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၉/၂၀၂၄ (မကွေး)၊ ၁၁/၂၀၂၄(မန္တလေး)၊ ၁၂/၂၀၂၄ (ရန်ကုန်)၊ ၁၆/၂၀၂၄(မန္တလေး) နှင့် ၁၇/၂၀၂၄ (မန္တလေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။             

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆိုင်ရာ မင်္ဂလာအခမ်းအနားများကို ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ် မေ ၂၂ ရက် နံနက် ၆ နာရီမှစတင်၍ မန္တလေးမြို့ ကျုံးလေးပြင်လေးရပ်တွင် သံဃာတော် ၁၀၂၇၂ ပါးအား နန်းမြို့ရိုးတစ်ဖက်လျှင် သံဃာတော် ၂၅၆၈ ပါးစီဖြင့် ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ပွဲ ကျင်းပမည်ဖြစ်ရာ ထိုသို့ ကျင်းပပုံများကို MRTV - HD Channel ၊ MRTV Parliament Channel ၊ MWD-HD Channel၊ MWD- Variety HD Channel၊ MWD EDUCATION , KNOWLEDGE & SPORTS Channel ၊ Channel LIGHT Channel၊ Sky Net Buddha Channel နှင့် Channel -9 တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မေ ၁၇ ရက်က အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ငါးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် အိန္ဒိယနိုင်ငံထုတ် လျှပ်စစ်ပစ္စည်း PVC Coated Copper Wire ၅၃၇၆၂ ဒသမ ၀၈ ကီလို ဂရမ်နှင့် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် HUA DU Plane Cutting Machine လုပ်ငန်းသုံး ဖြတ်စက်(အကြီး) လေးလုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၀၃၄၀၉၅၇) ကိုလည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားအစီအစဉ်များကို ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ ၂၀၂၄ ခုနှစ် မေ ၂၂ ရက်တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တို့တွင် ခမ်းနားထည်ဝါစွာနှင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော တတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်း​ဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်(၂၁) ရပ်ကွက် တိုင်တစ်ရာအရှေ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သို့သောအခြေအနေဖြင့် ကြုံတွေ့နေရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်ကာ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosco- smos State Cooperation မှ အာကာသယာဉ်မှူး၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်