Skip to main content

Aug 15, 2025

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ကျင်းပရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြန်မာစကိတ်အားကစားတိုးတက်ဖွံ့ဖြိုးရေးနှင့် H.T.V Sports Channel သတင်းရိုက်ကူးရေး ဆိုင်ရာတာဝန်ရှိသူများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရန်ကုန်မြို့အခြေစိုက်အီဂျစ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် ဩဂုတ် ၁၄ ရက်အထိ သေဆုံးသူ ၃၇၇၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၃၁ ဦး ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်‌ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒေသခံအလှူရှင် မိသားစုက ဆောက်လုပ်လှူဒါန်းသော တောင်ကြီးမြို့ ဟမ်းပလို့ကျေးရွာရှိ မေတ္တာစိမ့်စမ်းမူလတန်းကြို ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Michael Dunford နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ-အိန္ဒိယ ချစ်ကြည် ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

အာဆီယံဒေသတွင်း စီးပွားရေးပေါင်းစည်းဆက်နွှယ်မှု ပိုမိုအားကောင်းလာစေရေးအတွက် အာဆီယံနိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရောင်းဝယ်မှုစီမံကိန်းများဆိုင်ရာ ဘဏ္ဍာငွေအထောက်အပံ့ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်းသော ကဏ္ဍစုံဝန်ကြီးအဆင့်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံက ကြီးမှူး၍ Video Conferencing ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဘာသာရပ်ဆိုင်ရာကဏ္ဍများမှ တာဝန်ရှိသူများက သက်ဆိုင်ရာရုံးဌာနများမှ Video Conferen-cing စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အန်းနင်မြို့၌ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ်ဆတ်ငီယမ်ဖုန်အား ဒေသစံတော်ချိန် ယနေ့ညနေ ၃ နာရီတွင်လည်းကောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၂၀ တွင်လည်းကောင်း သီးခြားစီတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

​​​​​​​ပြည်သူ့ကျန်းမာရေးကဏ္ဍတိုးတက်မှသာ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်ပြီး ကျန်းမာကြံ့ခိုင်သော လူမှုအသိုက်အဝန်းဖြင့် မိမိအကျိုး၊ နိုင်ငံအကျိုးကို ထိရောက်စွာသယ်ပိုးနိုင်မည်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး တိုးတက်စေရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုတို့ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2025

​​​​​​​ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း ဩဂုတ်လ ၁၂ ရက်နေ့တွင် အခြေခံပညာကျောင်း ရှစ်ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ယနေ့အထိ ကျောင်းသား ကျောင်းသူ ၁၂၈၅ ဦးတို့ ထပ်မံ၍ ကျောင်းအပ်နှံလာခဲ့ကြသည်။ နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး ပတ်ဝန်းကျင်ဒေသများသို့ အောင်မြေချဲ့နိုင်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးခန့် ပိတ်ထားခဲ့ရသည့် ကျောင်းများ တစ်ကျောင်းပြီး တစ်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရာ ကျောင်းသား ကျောင်းသူ ကလေးငယ်များ ပညာပြန်လည်သင်ကြားနိုင်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2025

၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့တိုင်ကြားရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Aug 14, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီခွဲတွင်သတင်းအရ မှော်ဘီမြို့နယ် ကြက်ဖြူကန်ကျေးရွာ ကြက်ဖြူကန်ကားမှတ်တိုင်အနီးတွင် အောင်ပြည့်ဖြိုးကျော်(ခ)အောင်အောင်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ (တစ်ပြားလျှင် ငွေကျပ်၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၀) ကို သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 14, 2025

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေး အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကလောမြို့ ကလောချောင်းမြေထိန်းနံရံလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ လူကူးကြိုးတံတားဆောက်လုပ်မည့်နေရာနှင့် ကလောဘူတာရုံပြုပြင်ဆောင်ရွက်နေမှု၊ ကလောချောင်းတစ်လျှောက် သဲနုန်းတူးဖော်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2025

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ စုပေါင်းရုံးရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြင်ဦးလွင်မြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်နှင့် မိတ္တူလျှောက်ထားသူပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားစိစစ်ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်