Mar 01, 2020
ပုသိမ် မတ် ၂
တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စု၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက ဖတ်ကြားသည်.။
Mar 01, 2020
ရွှေဘို မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနှင့်အတူ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက ကျင်းပ ပြုလုပ်သော ရွှေဘိုမြို့ မေတ္တာရိပ်အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာ သင်တန်းကျောင်းအတွက် အလှူငွေ ကျပ် (၁,၂၁၀) သိန်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်သည်။
Mar 01, 2020
လွိုင်ကော် မတ် ၂
‘’မူပိုင်ခွင့်နှင့် တင့်မည့်မြန်မာ” မြန်မာနိုင်ငံမူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကယားပြည်နယ် အသင်းခွဲဖြစ်မြောက်ရေး အခမ်းအနားကို ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် နောင်းယားကန်သာအနီးရှိ YGN FOOD HOUSE ခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Mar 01, 2020
ကမမောင်း မတ် ၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၅၈)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက် သံလွင်လမ်းသွယ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက် မြို့မိမြို့ဖ ဦးဝင်းကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
Mar 01, 2020
နေပြည်တော် မတ် ၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း နှင့် ကချင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့် တို့သည် မတ် ၁ ရက်တွင် မချမ်းဘော့ - ဖရူခ - ရပ်ဘော့ - နောင်မွန်းလမ်း တံတားအမှတ် (၃/၂၂) တာခ သံကူ ကွန်ကရစ်တံတား၏ ကြံ့ခိုင်မှု၊ ရေကြောင်းအခြေအနေများနှင့် ချဉ်းကပ်လမ်း ကွန်ကရစ်ခင်းထားမှုများအား ကြည့်ရှုစစ်ဆေး သည်။
Mar 01, 2020
မယ်စဲ့ မတ် ၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ (၂) ထပ် ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ မြို့မိမြို့ဖ ဦးခင်မောင်ဌေးတို့က မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ(၂)ထပ်ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
Mar 01, 2020
နေပြည်တော် မတ် ၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းရှိ (၃၅၀) မဂ္ဂါဝပ် LNG to Power သီလဝါ ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်နှင့် အလုံမြို့နယ်အတွင်းရှိ (၁၅၁) မဂ္ဂါဝပ် LNG to Power အလုံဓာတ်အားပေးစက်ရုံ စီမံကိန်း အသစ်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
Feb 29, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေး ဌာနကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Feb 29, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၉
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ လှိုင်သာယာ - အသုတ် ဓာတ်အားလိုင်း၏ ဧရာဝတီမြစ်ကျော် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Feb 28, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၇
တက္ကသိုလ်ရာပြည့်ကျင်းပရေးကော်မတီက ဦးဆောင်၍ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီးနှင့် ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂတို့ ပူးပေါင်း ကျင်းပမည့် ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ရာပြည့်ဓမ္မသဘင်ကို ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်ရှေ့ မြက်ခင်းပြင်၌ မတ် ၇ ရက်၊ ၈ ရက်၊ ၉ ရက် ညစဉ် ၇ နာရီမှစတင်၍ ကျင်းပသွားမည်ဖြစ်သည်။
Feb 28, 2020
မောင်တော ဖေဖော်ဝါရီ ၂၇
ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ရောက် ရှိကြပြီး အငူမော်မှတစ်ဆင့် မော်တော် ယာဉ်များဖြင့် မောင်တောမြို့သို့ ရောက်ရှိကြသည်။
ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့သည် မောင်တောမြို့ရှိ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် မြို့နယ်တာဝန် ရှိသူများနှင့်တွေ့ဆုံပြီး သိရှိလိုသည် များကို မေးမြန်းကြသည်။
Feb 28, 2020
မောင်တော ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံ ရေးစခန်း၌ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီ ၃၅မိနစ် တွင် မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ် စွန့်ခွာသူ အိမ်ထောင်စု လေးစု၊ အမျိုးသား ကိုးဦး၊ အမျိုးသမီး ခုနစ်ဦး လူဦးရေစုစုပေါင်း ၁၆ ဦးအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန် ရှိသူများက စိစစ်လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ယင်းသို့လက်ခံဆောင်ရွက်ရာတွင် ရှေးဦးစွာ လုံခြုံရေး တာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်းလုံခြုံရေး ဆိုင်ရာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သည်။
Feb 28, 2020
သတင်းနှင့် အချက်အလက်ဆိုင်ရာ မဟာအဝေးပြေး လမ်းမကြီးပေါ်၌ နှစ်ဆယ်ရာစု အကုန်မှစတင်ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ယာဉ်အမျိုးမျိုးသည် အားထုတ်မှုအဖုံဖုံဖြင့် အရှိန်မြှင့် မောင်းနှင်လာကြသည်မှာ အပြိုင်း အရိုင်းဖြစ်၏။ အပြိုင်အဆိုင်လည်း ဖြစ်၏။
Feb 28, 2020
ဘားအံ ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်အတွင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ လူမှုအားမာန်အဖွဲ့များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ငွေပေးအပ်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၁နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆွတ်ခူးခဲ့သည့် ကရင်ပြည်နယ် ဘောလုံးအသင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဘားအံ ဇွဲကပင် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 28, 2020
ပုသိမ် ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၊ စက်ရုံမှူးများ၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လတာကာလအတွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာရွှေဝါခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။
Feb 28, 2020
ညောင်ရွှေ ဖေဖော်ဝါရီ ၂၈
ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် အင်းလေးနှင်းဆီ ပုဂ္ဂလိကအမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးကုမ္ပဏီတို့ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်စည်ပင်သာယာရေးဌာန၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် တာဝန်ရှိသူများက အမှာစကားပြောကြားသည်။
Feb 28, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်ရွေးချယ်ရေး နှီးနှောဖလှယ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Feb 28, 2020
ဒီးမော့ဆို ဖေဖော်ဝါရီ ၂၈
Feb 28, 2020
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အခြေခံ လိုအပ်ချက်ဖြစ်သည်။ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးခြင်း၊ နိုင်ငံတိုးတက်ခြင်းတွင် လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိရေးသည် အဓိကအကြောင်းရင်းဖြစ်သည်။
Feb 28, 2020
“တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကို ဖြစ်ပွားသောနိုင်ငံများ၌ ထိန်းချုပ်နိုင်ခြင်းမရှိသေးချေ။ လူတို့အား အလွယ်တကူ ကူးစက်နိုင်ပြီး အသက်ပင်သေဆုံးနိုင်သော ထိုရောဂါပိုးသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံမှ စတင်ဖြစ်ပွားသဖြင့် ဖြစ်ပွား လျှင်ဖြစ်ပွားချင်း ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှု၊ သံသယရှိသည်ဟုယူဆလျှင် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုတို့ကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲ အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသေးပေ။
