Skip to main content

Dec 13, 2020

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူ ဆု၊ သုတပဒေသာ(ဝိဇ္ဇာ)ဆု ဒုတိယ ဆုရရှိသည့် စာရေးဆရာ ဇွဲသန်းသျှင်း (သုံးဆယ်)၏ “ပီမိုးနင်းစာများက ပြောသည့် ပီမိုးနင်း” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2020

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ကွဲပြားခြားနားမှုနှင့်အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း အမုန်းစကားဆန့်ကျင်ရေး နှင့် လူမှုသဟဇာတဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ (တတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲက Online ဖြင့် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2020

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၂၆ ဦး အား ဟနွိုင်းမြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၆ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2020

ယနေ့ကမ္ဘာတစ်ခွင်၌ Conflict of Interest (အကျိုးစီးပွားပဋိပက္ခ) ဟူသည့် ခေါင်းစဉ်နှင့် အကြောင်းအရာကို နယ်ပယ်အသီးသီးတွင် တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြသည်။ အထူးသဖြင့် ပညာရှင် များအကြားတွင်၊ သို့မဟုတ် ပညာရပ်ဆိုင်ရာ နယ်ပယ်တို့တွင်နှင့် အာဏာနှင့် လုပ်ပိုင်ခွင့် တာဝန်ကြီးများကို ရရှိထားကြသူတို့ကြားတွင် အလေးပေးပြောဆိုနေကြခြင်း ဖြစ်ပါသည်။ ။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2020

Coronavirus Disease 2015 (covID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၁၁ ရက်နေ့ကကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံ တင်ပြရာ၌ “ရန်ကုန်ကနေပြီးတော့ မထိန်းချုပ်နိုင်တာကတော့ ကျွန်မတို့ တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်က ကျွန်မတို့ရဲ့ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် စီးပွားရေးမြို့တော်ဆိုရင် လည်း မမှားပါဘူး။ ဒီတော့ စီးပွားရေးမြို့တော်ကြီးကို ပြန်ပြီးတော့ နာလန် ထူအောင်လုပ်ဖို့ဆိုတာဟာ ကျွန်မတို့ရဲ့ စီးပွားရေးပြန်လည်ထူထောင်ရေး အတွက် အင်မတန်မှ အရေးကြီးပါတယ်ဆိုတာလည်း ကျွန်မကသတိပေးချင် ပါတယ်”ဟု ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2020

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2020

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို) မြန်မာရုံးတို့ ပူးပေါင်း၍သတင်းထောက်များ ဘေးကင်းလုံခြုံရေး- ကြောက်ရွံ့မှုနဲ့ ဘက်လိုက်မှုကင်းတဲ့ သတင်းအတတ်ပညာကို ကျင့်သုံးရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2020

သစ်တောကဏ္ဍ၌ လူ့အခွင့်အရေးနှင့် ပဋိပက္ခဖြစ်စေနိုင်သည့် အခြေအနေများကို အထူး ဂရုပြုသည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ Online ဆွေးနွေးပွဲ Webinar ကို ယမန်နေ့ညနေ ၆ နာရီခွဲက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2020

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၁) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြ ကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2020

ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်၍ တိုင်ကြားစာ များအပေါ် စိစစ်ဆောင်ရွက်မှု အခြေအနေများနှင့် အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2020

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား နိုင်ငံတကာပွင့်လင်းမြင်သာမှု အဖွဲ့က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်သော တစ်ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု ဘာရိုမီတာ၌ အာရှဒေသ (၁၇) နိုင်ငံအတွင်း ဆောင်ရွက်ခဲ့သော စစ်တမ်းအရ အများပြည်သူများ လက်ခံသော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းအဖြစ် အမြင့်ဆုံးအဆင့်ရရှိခဲ့ပြီး အဂတိလိုက်စားမှုအား လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်မှုတွင်လည်း အမြင့်ဆုံးအဆင့် ပေးအပ်ခဲ့ ပေသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2020

လောကပါလတရားဆိုသည်မှာ လောကကို စောင့်ရှောက်သော တရားဖြစ်၏။ ဤလောကပါလ တရားဟူသည် လောကကို ထိန်းကွပ်စောင့်ရှောက်သည့် တရားနှစ်ပါးရှိမှသာလျှင် လောက သည် သာယာမည်၊ လောကလူသားများ ငြိမ်းအေးချမ်းသာမည်ဟု အယူရှိ၏။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2020

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထုတ်ပြန် ထားသော အမိန့်နှင့် ညွှန်ကြားချက်များအား ပြည်သူများ ပြန်လည်သတိပြုမိ စေရေးအတွက် ဒီဇင်ဘာ ၁၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အချပ်ပို (၈) မျက်နှာဖြင့် ဖော်ပြသွားမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2020

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးဆိုင်ရာ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2020

(၁၀-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀,၉၂၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၃၇၆) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2020

အားကစားနှင့် ပညာရေး ထိရောက်စွာ ပေါင်းစပ်ရေး၊ အားကစားနှင့် ပညာရေး ပေါင်းစပ်မှု ဦးစီးကော်မတီ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2020

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2020

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၂) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ဒီဇင်ဘာ (၂၂) ရက်မှ (၂၃) ရက်အထိ (၂) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံနှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား (၁၆၈) ဦးအား မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့နှင့် သင်္ဘောကုမ္ပဏီတို့မှ ပူးပေါင်း စီစဉ်သည့် TUI လေကြောင်းလိုင်း စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ၈ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2020

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်