Skip to main content

Mar 28, 2020

တီးတိန် မတ် ၂၇

COVID-19 ရောဂါ ထိန်းချုပ်ရေး အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော ဆန်အိတ် ၆၇၀ ၊ ဆီ ၁၀ ပိဿာဝင် ၄၃ ပုံး၊ ကုလားပဲ အိတ်ကြီး ၁၄ အိတ်၊ အိတ်သေး တစ်အိတ်၊ ဆားအိတ်ကြီး ၁၇ အိတ်၊ အိတ်သေး တစ်အိတ် တီးတိန်မြို့သို့ ယနေ့ရောက်ရှိလာသည်။

အလားတူ KMSS အဖွဲ့အစည်းမှ ဆန်အိတ် ၁၅၀၊ PSI အဖွဲ့အစည်းမှ ဆန်အိတ် ၂၅၀ ကိုလည်း ကပ်တဲလ် ကျေးရွာနေ ပြည်သူများအတွက် လှူဒါန်းကြကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)

 

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

မန္တလေး မတ် ၂၇

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း မန္တလေးမြို့မှ နေရပ်အသီးသီးသို့ ပြန်ကြမည့် ဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရေးအတွက် ယာဉ်အသင်းများမှ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

တစ်ကမ္ဘာလုံးဖြစ်ပွားနေသော COVID - 19 ရောဂါ၏ နောက်ဆက်တွဲ အကျပ်အတည်းများကို မြန်မာနိုင်ငံလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အစောပိုင်းကတည်းက အမျိုးသား အဆင့်ဖွဲ့စည်းပြီး တက်တက်ကြွကြွ အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိသည်။ လွန်ခဲ့သောရက်က ရောဂါပိုးတွေ့သူ သုံးဦး၊ မတ်လ ၂၇ ရက်နေ့တွင် ရောဂါပိုးတွေ့သူ နှစ်ဦး၊ မတ်လ ၂၈ ရက်နံနက်က ၀၀:၁၅ နာရီ ထုတ်ပြန်ချက်ပါ ရောဂါပိုးတွေ့ရှိသူ သုံးဦး စုစုပေါင်း ရှစ်ဦးရှိပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

ကျိုက်မ​ရော  မတ်  ၂၇

မွန်ပြည်နယ် ဝန်ကြီးချုပ် ​ဒေါက်တာအေးဇံသည် ကျိုက်မ​ရော မြို့နယ် ပြည်သူ့​ဆေးရုံသို့ ယ​နေ့နံနက်  ၁၀နာရီ  က​ရောက်ရှိကာ ကျိုက်မ​ရောမြို့နယ်၏ COVID - 19 ​ရောဂါနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှပြန်လည်ဝင်​ရောက်လျက်ရှိ​သော အလုပ်သမားများ၏ ကျန်းမာ​ရေးအ​ခြေအ​နေများ ဆေးရုံနှင့်အခြားကျန်းမာရေးဌာနများ၊ ရပ်ကွက်၊ ​ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ကိုယ့်အသိစိတ်ဓါတ်ဖြင့် သတင်း​ပေးပို့မှု အ​ခြေအ​နေများကို သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများအား​​ တွေ့ဆုံ​မေးမြန်း၍ လိုအပ်ချက်များအား သက်ဆိုင်ရာဌာန အကြီးအကဲများနှင့်​ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

ရန်ကုန်၊ မတ် ၂၇

City mart Holding Co., ltd သည် မတ် ၂၅ ရက်နေ့တွင်  “ဈေးဝယ်သူမိဘပြည်သူများ အားလုံးအတွက် နေ့စဉ်မရှိမဖြစ် လိုအပ်‌သော လူသုံးကုန်ပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဖို့နဲ့ မျှမျှတတ ဝယ်ယူနိုင်စေဖို့ ဝယ်ယူနိုင်မယ့် အရေအတွက်ကို ကန့်သတ်ထားပါတယ်ရှင်။ အားလုံးနားလည်ပေးပြီး ပူးပေါင်းပါဝင် ပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်” ဟူသည့် စာသားကို ၎င်းတို့ Face Book စာမျက်နှာနှင့် City Mart (စီးတီးမတ်) ဆိုင်ခွဲများတွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၇-၃-၂၀၂၀) ရက်နေ့၊ ည (၈ : ၀၀) နာရီ

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

နေပြည်တော် မတ် ၂၇

COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ လိုက်နာပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို သိရှိနိုင်ရန်နှင့် သတိနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် ၊ အသိပညာပေးခြင်းလုပ်ငန်းများကို နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဒေသများရှိ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

လဟယ်၊ မတ်၂၇

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ က နာဂဒေသဦးစီးအဖွဲ့ရုံးအစည်း ဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

မကွေး မတ် ၂၇

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (အောက်ထပ်) အစည်းအဝေးခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ အလှူရှင်များမှ လှူဒါန်းမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

တီးတိန်၊ မတ် ၂၇

ချင်းပြည်နယ် တီးတိန်မြို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါထိန်းချုပ်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့်သစ်တောရေးရာ ဝန်ကြီး (တီးတိန်မြို့နယ် တာဝန်ခံ) ဦးမန်ဟင်းဒါလ်း၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အဆင့်ဌာ ဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ နံနက်၁၀ နာရီက ခွာဒိုခန်းမ၌ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

နေပြည်တော်၊ မတ် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် Coronavirus Disease 2019 (COVID-19)ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးတွေ့ဆုံပွဲကို ယနေ့၊ နံနက် ၁၀ နာရီက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာနာ့ ဗိမာန်တော်၌ ကျင်းပကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

မုံရွာ၊ မတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများနှင့်အတူ ယနေ့  နံနက်(၉)နာရီက ရွှေဘိုမြို့၌ COVID 19 ရောဂါနှင့် ပတ်သက်၍ အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ထားမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်း ၁၉၀ ကျော်ကို ကူးစက်ပြန့်ပွားလျက်ရှိရာ ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

လွိုင်ကော်၊ မတ်  ၂၇

ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID – 19) နှင့်စပ်လျဉ်း၍ ကယားပြည်နယ်အနေနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ  ၂ နာရီအချိန်က  ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2020

ရန်ကုန် မတ် ၂၅

 “သင်္ကြန်ရင်ခုန်သံ” အစီအစဉ်အဖြစ် “မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို၌ ဆက်လက် ရိုက်ကူးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2020

အခုလည်း တရားဝင်နိုင်ငံတော်က ကြေညာထားပြီးပြီဖြစ်တဲ့အတွက်ကြောင့် ပွဲအကြီးပဲဖြစ်ဖြစ်၊ ပွဲအသေးပဲဖြစ်ဖြစ် ခဏလောက်တော့ အောင့်အည်းသည်းခံပြီးတော့ ပယ်ဖျက်ပေးစေချင်တယ် (တေးသံရှင် ဖြူဖြူကျော်သိန်း)

COVID-19 ရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို မတ် ၂၂ ရက် ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2020

၂၀၀၃ ခု မတ် ၈ ရက် (စနေနေ့) ။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ပြင်သစ်ဆေးရုံ ။

"တကယ်တော့ ဒီကိတ်မုန့်ကို ကျွန်တော်မစားသင့်ဘူး။ ရောဂါပိုးတွေ ပါချင်ပါနေမှာ" ဒေါက်တာ အူရ်ဘာနီ သည် ကိတ်မုန့်ကိုစားရင်း ရယ်ပွဲဖွဲ့လိုက်သည်။ နားထောင် နေသောသူများမှာ ရယ်ဖို့ခက်ခဲ စွာ ကြိုးစားနေရလေသည်။

ထိုဆေးရုံတွင် ထူးဆန်းသော ကူးစက်ရောဂါဖြစ်ပွားနေသည်။ ကူးစက်ခံရသူများမှာ ဖျားနာ၊ အသက်ရှူ ကျပ်၍ သေနေကြ၏။ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများမှာ ဖျားလျှင် ဓာတ်မှန်ရိုက်ကြည့် သောအခါ အဆုတ်ထဲတွင် ပိုးဝင်၍ အမည်းရောင်နေရာများမှာ ဖြူ၍နေသည် ကိုတွေ့ရ၏။

Lock down

ဆက်လက်ဖတ်ရှုရန်

Mar 26, 2020

မြန်မာ့နိုင်ငံရေးတူရူ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်ပြောင်းလဲလာသည့်အခါ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးဆိုသည့် ခေါင်းစဉ်တို့နှင့် တွဲလျက်ပါသည်မှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု ဟူ၍ ဖြစ်၏။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2020

ယနေ့သည် ၂၀၂၀ ပြည့်နှစ် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဖြစ်သည်။ တပ်မတော်နေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ ၂၇ ရက်နေ့တွင် အစဉ်အလာမပျက် ခမ်းခမ်းနားနား ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော coVID-19 ရောဂါကြောင့် အများပြည်သူ ကျန်းမာရေးကို ရှေးရှု၍ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2020

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံသူ၊ နိုင်ငံသား ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား-

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်သည် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဖြစ်ပေသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု (၇၂) နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ တပ်မတော်သမိုင်းကြောင်းသည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ယှဉ်တွဲလျက်ရှိပြီး မြန်မာပြည်သူ အပေါင်းတို့အတွက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ဆိုသည်မှာ အဖိုးမဖြတ်နိုင်သောပိုင်ဆိုင်မှုပင် ဖြစ်ပေသည်။

ဆက်လက်ဖတ်ရှုရန်