Skip to main content

Aug 30, 2021

ဆက်လက်ပြီး နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များကို အချို့သော မီဒီယာများ၊ အဖွဲ့အစည်းများ၏ မဟုတ်မမှန် ဆောင်ရွက်နေမှုများထဲမှ အချို့ကို ထုတ်နုတ်တင်ပြမည် ဖြစ်ပါကြောင်း၊ ပထမဖြစ်စဉ်အနေဖြင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမကျေးရွာ ဖြစ်စဉ်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် ဇွန် ၁၅ ရက်က လက်နက်ကိုင်အကြမ်းဖက် သမားများ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ထိုကျေးရွာတွင်ရှိသည့် အိမ်ခြေ ၂၂၅ လုံး အနက် အိမ်ခြေ ၁၀၀ ခန့် မီးလောင် ပျက်စီးမှုဖြစ်ခဲ့ပါကြောင်း၊ ဖြစ်စဉ်မှာ ဇွန် ၁၅ ရက်တွင် ပေါက်မြို့နယ်မှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့လုံခြုံရေး အဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လှည့်ကင်းဆောင်ရွက် နေစဉ် နံနက် ၁၁ နာရီခန့် ကင်းမကျေးရွာဆိုင်းဘုတ်အနီး အရောက်တွင် လက်နက်ကိုင်အကြမ်း ဖက်လူတစ်စုက ၎င်းရွာတောင်ကုန်းပေါ်မှ လက်နက်ငယ်များ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများနှင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာတွင် အကြမ်း ဖက်သူများ တောင်ကုန်းပေါ်မှ ဆုတ်ခွာသွားပါကြောင်း၊ ထိုတောင်ကုန်းပေါ်ကို အသေးစိတ် ရှာဖွေနေစဉ် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် တောင်ကုန်းအလယ်တွင် ထပ်မံတိုက်ပွဲဖြစ်ပြီး ၁၂ နာရီခန့်တွင် နောက်တစ်ကြိမ် တိုက်ပွဲထပ်ဖြစ်ပါကြောင်း၊ ထိုတောင်ကုန်းပေါ်တွင် အကြမ်းဖက် သမားများ ခိုအောင်းမှု မရှိစေရေး ဆက်လက်ပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည့်အချိန်တွင် ကင်းမ ရွာအတွင်း မီးလောင်မှုဖြစ်ပွားနေခြင်းကိုတွေ့ရပါကြောင်း။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ ကာကွယ်ဆေးသိုလှောင်ခန်းတွင် ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန် စံညွှန်းများအတိုင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆေးနှင့် ပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီး မှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၂၃ ရက်မှ ၃၁ ရက် အတွင်း၌လည်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်ချက်များ ပံ့ပိုး ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ထမုန်ကန်အုပ်စု ညောင်ပင်သာကျေးရွာရှိ ပုဂ္ဂလိက နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း(MICPA)၏ (၁၄)ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယနေ့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ Virtual System ဖြင့်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)မှ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလင်ပိဋကတ်တိုက်နှင့် ရုပ်ရှင်စတူဒီယိုတို့သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

အကြမ်းဖက်မှုသည် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကောင်းကျိုးများကို ထိခိုက် ပျက်စီးစေသော လုပ်ရပ်များ ဖြစ်သည်။ အကြမ်းဖက် အဖျက်လုပ်ရပ်များသည် မည်သည့်လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းကမျှ မလိုလား လက်မခံသော အမှုကိစ္စဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးတို့သည် မည်သည့် အကြမ်းဖက်မှုကိုမျှ လက်မခံ ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချလျက်ရှိပြီး အကြမ်းဖက်မှုပပျောက်ရေးအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ကြိုးပမ်းဆောင်ရွက် နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2021

နိုင်ငံဖွံ့ဖြိုးရေးတွင် လူသားအရင်းအမြစ် အရည်အသွေးမြင့်မားခြင်းသည် ရုပ်ဝတ္ထုအရင်းအမြစ်နှင့် ဓနအရင်းအမြစ်တို့ထက်ပို၍ အရေးပါသည်ဟု ပညာရှင်များက အလေးအနက် လက်ခံထားကြသည်။ လူသားအရင်းအမြစ်ဆိုသည်မှာ နိုင်ငံအတွင်းရှိ လူများနှင့် ထိုသူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများ၊ စိတ်ဓာတ်ရေးရာ အခြေအနေများ၊ သဘောထား အယူအဆများကို လွှမ်းခြုံ သတ်မှတ်ထားခြင်းပင်ဖြစ်သည်။ လူသားအရင်းအမြစ်ကို အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်စေပြီး အထိရောက်ဆုံး အသုံးချ နိုင်သော နိုင်ငံများမှာ ဖွံ့ဖြိုးတိုးတက်လာကြသည်။ ။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2021

အကြမ်းဖက်အားပေးသတင်းဌာန DVB က သတင်းမှားများဖော်ပြခြင်းနဲ့ ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ်က ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းဌာနများသည် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သလိုပါပဲ။ PDF တွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးပြီး သေတွင်းထဲကို ပို့နေတာပါဟု ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေကြားထား ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2021

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2021

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Aug 29, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေး ဂိတ်မှ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၂၀၁ ဦး၊ စုစုပေါင်း ၄၆၅ ဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ ရန်လုံကျိုင်း တံတားမှ အမျိုးသားတစ်ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2021

မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်