Mar 04, 2021
၁။ Enchanting Myanmar Health and Safety Protocol အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ (က) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID - 19 ကာလအတွင်းနှင့် အလွန်ကာလ များတွင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးလာရန်နှင့် ဦးမော့လာစေရေးအ တွက် ခရီးသွားဧည့်သည်များအား ခရီးစဉ်များစီစဉ်ဆောင်ရွက်ပေးခြင်း၊ ဧည့်လမ်းညွှန် ဝန်ဆောင်မှုပေးခြင်း၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးခြင်းစသည့် လုပ်ငန်း များဆောင်ရွက်ရာ၌ သက်ဆိုင်ရာလုပ်ငန်းခွင်များအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအတွက် ကျန်းမာရေးနှင့်ဘေး အန္တရာယ်ကင်းရှင်းစွာတည်းခိုနေထိုင်နိုင်သည့်ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ စားသောက် ဆိုင်များအဖြစ် စနစ်တကျသတ်မှတ်ပေးနိုင်ရန်၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် များအတွက်ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းစသည့်ဝန်ဆောင်မှုပေးနိုင်သောခရီး စဉ်ဒေသများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ ခရီးသွားကုမ္ပဏီများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အား COVID-19 Safe Services အသိအမှတ်ပြုတံဆိပ်များ စနစ်တကျသတ်မှတ်ပေးအပ် နိုင်ရန်၊ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမှ တစ်ဆင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းပုံရိပ်ကိုမြှင့်တင်ပေးရန်ရည်ရွယ်၍ “Enchanting Myanmar Health and Safety Protocol” အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအ စဉ်ကို ရေးဆွဲ ပြုစုခဲ့ပြီးဖြစ်ပါသည်။
Mar 04, 2021
၁။ ခရီးသွားမြှင့်တင်ရေးဌာနခွဲသည် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက်မြှင့်တင်ရေးလုပ်ငန်းများဖြစ်သောခရီးစဉ်ဒေသများမြှင့်တင်ကြော်ငြာခြင်း၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊ လုပ်ငန်းဆက်စပ်လျက်ရှိသည့် ပြည်တွင်း ဌာနဆိုင်ရာများ၊ အိမ်နီးချင်းနိုင်ငံများရှိ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ကမ္ဘာ့ခရီးသွားလုပ် ငန်း အဖွဲ့ချုပ်နှင့်နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းအဖွဲ့တို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်သွယ်၍ ဟိုတယ်နှင့်ခရီး သွားလာရေးဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
Mar 04, 2021
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။
Mar 04, 2021
- ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊ ခရီးသွားလုပ်ငန်းဆောင်ရွက်သူနှင့် ခရီးသည်တို့၏အခွင့်အရေးကို ကာကွယ် ပေးရန်နှင့် ယင်းတို့၏ တာဝန်ဝတ္တရားများကို သိရှိလိုက်နာစေရန်၊ တာဝန်ယူမှုရှိသော ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး သဘာဝ အခြေခံခရီးသွားလုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူ ဖြစ်စေရန် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၁/၂၀၂၀)၏ သဘောတူညီချက်ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ၁၇-၁၁-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၂၀ ဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါသည်။
Mar 03, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၃)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပါသည်။
Mar 03, 2021
(၂၇) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နေပြည်တော်မှ ပါဝင်တက်ရောက် သည်။
Mar 03, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၏ အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ယင်းဝန်ကြီးဋ္ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြသည်။
Mar 03, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ဦးစီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Mar 03, 2021
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဒါရိုက်တာအဖွဲ့ အစည်း အဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည်။
Mar 03, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 03, 2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့် ဗုဒ္ဓဘာသာ ဘုရား စေတီများအပါအဝင် သက်ဆိုင်ရာ ဘာသာများ အလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာ မှ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညို တရား ဘာဝနာ ပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။
Mar 03, 2021
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင် မြို့ရှိ တက္ကသိုလ်(၁၀)မြို့နယ်အဆောင်၌ Quarantine ထားရှိခဲ့သည်။
Mar 03, 2021
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်သား များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိသံဃာတော် များ၊ ဒေသခံပြည်သူများ၊ စေတနာရှင် အလှူရှင်များနှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ ပေးအပ်လှူဒါန်းလျက်ရှိသည်။
Mar 03, 2021
မြန်မာနိုင်ငံ၌ ပြီးခဲ့သော ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ကာ ပြည်သူများအကြား CDM ( Civil Disobedience Movement) လှုပ်ရှားမှုများကို စတင်လာသည်မှာ ယခုအခါ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်း CDM လှုပ်ရှားမှု ရက်ပေါင်း ကြာမြင့်လာသည်နှင့်အမျှ ပြည်သူများ အကြားတွင်လည်း ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးမှအစ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍတွင် ထိခိုက်မှုအနည်းနှင့်အများရှိခဲ့သည်။ ယင်းခံစားမှု သည် တခြားသူများအပေါ် အကျိုးသက်ရောက်မှု သိသာစွာမရှိသော်လည်း ယနေ့ပြည်သူများအကြား အထူး သဖြင့် လူလတ်တန်း စားများနှင့် အခြေခံပြည်သူများအကြားတွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်မှာ မျက်ဝါး ထင်ထင် တွေ့မြင်နေရသည်။ ယင်း CDM လှုပ်ရှားမှုဖြစ်စဉ်များအပေါ် ပြည်သူများအကြား ဒီမိုကရေစီ လမ်းကြောင်းအရ အမြင်အမျိုးမျိုး ကွဲပြားဖြစ်ပေါ်လျက်ရှိရာ ပြည်သူအချို့အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
Mar 03, 2021
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဘိမ်းကျေးရွာ ကော့တာတောရကျောင်းတိုက်အတွင်း တည်ထား ကိုးကွယ် တော်မူသည့် လောကဇမ္ဗူအောင်မြင်မူ စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင်ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ အခမ်းအနားသို့ ဣစ္ဆာ သယ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇယ အမှူးပြုသော သံဃာတော် များ ကြွရောက်တော်မူကြပြီး အရှေ့ တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ် အုပ်ချုပ်ရေး ကောင်စီဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 03, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာ ရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့် တစ်နေရာမှအထောက်အကူ ပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသ ရေးဆေးရုံများတွင် ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးလျက် ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့ အထိ ပြင်ပလူနာ ၄၁၉၀၅ ဦး၊ အတွင်းလူနာ ၃၄၉၁ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ် သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက် ပေးသည့်အပြင် ဆေးရုံတက် လူနာများနှင့် လူနာစောင့်များ နေထိုင် | စားသောက်ရေး အဆင်ပြေ စေရန် အတွက်ပါ စီမံဆောင်ရွက်ပေးလျက် ရှိသည်။
Mar 03, 2021
လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ သီတင်းသုံး နေထိုင် တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက ဆွမ်းဆန် တော်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် နှစ်ထပ်ကျောင်းဆောင်တော်ကြီး၌ ကျင်းပသည်။
Mar 03, 2021
(၂၇) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နေပြည်တော်မှ ပါဝင်တက်ရောက်သည်။